ရေဘေးအတွက် ပြည်တွင်း/ပ ဟိုတယ်လုပ်ငန်းရှင်များ ကန်ဒေါ်လာ ၁သိန်းကျော်နှင့် ကျပ် ၁၃၇၀ သိန်းလှူဒါန်း

ရေဘေးအတွက် ပြည်တွင်း/ပ ဟိုတယ်လုပ်ငန်းရှင်များ ကန်ဒေါ်လာ ၁သိန်းကျော်နှင့် ကျပ် ၁၃၇၀ သိန်းလှူဒါန်း

သြဂုတ် ၁၂ ။      ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ဝင် အသင်းများနှင့် ပြည်တွင်းပြည်ပဟိုတယ်များက စုပေါင်း၍ ရေဘေးသင့်သူများ အတွက် ကျပ် (၁၃၇၀) သိန်း နှင့် အမေရိကန်ဒေါ်လာ (၁၀,၄၅,၀၀) ကို လှူဒါန်းခဲ့သည်။

လှူဒါန်းငွေများကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် က သြဂုတ် ၁၁ ရက်တွင် လက်ခံခဲ့သည်။

ယင်းလှူဒါန်းငွေများကို ရေဘေးသင့်ဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်များသို့ သက်ဆိုင်ရာမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကိုယ်စားလှယ် များနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွန်ကြားရေးမှူးချုပ်များ လိုက်ပါ လှူဒါန်းမည်ဟု ထုတ်ပြန်သည်။

Source: ministry of hotels and tourism

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly