ဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားသံတမန်အချို့ကို စပိန်တို့ နှင်ထုတ်ရန်ကြိုးပမ်း

ဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားသံတမန်အချို့ကို စပိန်တို့ နှင်ထုတ်ရန်ကြိုးပမ်း

မက်ဒရစ်၊ စက်တင်ဘာ ၁ ။              ။ စပိန်အစိုးရသည် မြောက်ကိုရီးယားသံအမတ်ကြီး ကင်မ်ဟွတ်ခ်ချိုလ်ကိုဆင့်ခေါ်ပြီး မက်ဒရစ်မြို့ရှိ မြောက်ကိုရီး ယားသံရုံး၌ ပြုံယမ်းအစိုးရကို ကိုယ်စားပြုသည့် သံအရာရှိနှစ်ဦးမှ သုံးဦးအထိ လျှော့ချသွားမည့် ၎င်းတို့၏ ဆုံးဖြတ်ချက်အား ကြာသာပတေးနေ့တွင် အသိပေးပြောဆိုခဲ့သည်။

မကြာသေးခင်ကမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်း ကိုယ်တိုင်ဦးဆောင်ပြီး ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်မှုလုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် စပိန်အစိုးရက ယခုလိုဆုံးဖြတ်ချက်ခြင်းဖြစ်ကြောင်း သိရသည်။

သံတမန်ရေးရာသတင်းအချက်အလက်ဌာန၏ ထုတ်ပြန်ချက်အရ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ ပေါ်မှ ဖြတ်ကျော်ပြီး ပစိဖိသမုဒ္ဒရာထဲသို့ ထိုးကျသွားခဲ့သော မြောက်ကိုရီးယားတို့၏ တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုနှင့် နျူကလီးယားစမ်းသပ်ချက်များကို ပြစ်တင်ရှုံ့ချကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရ သည်။

မြောက်ကိုရီးယားတို့အနေဖြင့် နျူကလီးယားလုပ်ဆောင်ချက်များကို ဖျက်သိမ်းပေးရန် စပိန်အစိုးရကတောင်းဆို ခဲ့ပြီး ပြုံယမ်းအစိုးရ၏ လုပ်ရပ်များသည် ပဋိပက္ခများကို ပိုမိုစိုးရိမ်စရာကောင်းအောင် လုပ်နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ဒါ့အပြင် နျူကလီးယားစမ်းသပ်ချက်များနှင့် ဒုံးကျည်ပစ်လွှတ်မှုများသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တားမြစ်ချက်များကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း စပိန်အစိုးရက ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ယခုလိုလုပ်ရပ်များကို ဆက်လက်လုပ်ကိုင်နေပါက နှစ်နိုင်ငံကြားရှိ ဆက်ဆံရေးတွင် ဆိုးရွား သော အကျိုးဆက်များ ပေါ်ပေါက်လာစေနိုင်သည်ဟု မြောက်ကိုရီးယားသံရုံးကို သတိပေးခဲ့ပြီးပြီဖြစ်ကြောင်း စပိန်အစိုးရက ပြောခဲ့သည်။

မြောက်ကိုရီးယားတို့သည် တိုက်ကြီးများကြားပစ်လွှတ်နိုင်သော ပဲ့ထိန်းတပ်ဒုံးကျည်တစ်ခုကို တနင်္လာနေ့က ဂျပန်နိုင်ငံမြောက်ပိုင်းမှဖြတ်၍ ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ဒေသတွင်းလုံခြုံရေးကို ထိပါးစေခဲ့သော ထိုလုပ်ရပ် ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ရှုံ့ချမှုနှင့် အရေးယူမှုများကို ရင်ဆိုင်နေရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly