အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ အထပ်မြင့်အဆောက်အဦး ပြိုကျ၍ ရှစ်ဦးသေဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှာ အထပ်မြင့်အဆောက်အဦး ပြိုကျ၍ ရှစ်ဦးသေဆုံး

 

သြဂုတ် ၃၁ ။                 ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ သြဂုတ် ၃၁ ရက်ကပဲ အထပ်မြင့်အဆောက်အဦးတစ်လုံး ပြိုကျသွားခဲ့လို့ အနည်းဆုံး လူရှစ်ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုထက်ထိလည်း အုတ်ပုံအပျက်အစီးတွေအောက်မှာ နောက်ထပ် လူ ၁၀ ယောက်လောက်လည်း ပိမိနေလျက်ရှိတယ်လို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မွမ်ဘိုင်းမြို့လယ်မှာ ရှိတဲ့ အဆိုပါ အထပ်မြင့်အဆောက်အဦး ပြိုကျမှုဟာ မနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မွမ်ဘိုင်းမြို့ ရဲအရာရှိ Vikas Sarnaik က ပြောပါတယ်။

ယင်းဧရိယာအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားချင်းလုပ်ဆောင်နေရကြောင်း၊ အဆောက်အအုံ မပြိုကျခင် လူဘယ်နှစ်ဦး ရှိနေခဲ့တယ်ဆိုတာကိုလည်း တိတိကျကျ မသိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မွမ်ဘိုင်းမြို့အရှေ့ပိုင်းမှာ အလားတူပဲ လေးထပ်အဆောက်အအုံတစ်ခု ပြိုကျခဲ့လို ၁၇ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့   ဖြစ်စဉ်တစ်ခုလည်း   ဖြစ်ထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly