ရှော်လ်ကေးနောက်ခံလူ ဟိုဝီဒက်စ်ကို ဂျူဗင်တပ်စ်အသင်းခေါ်ယူ

ရှော်လ်ကေးနောက်ခံလူ ဟိုဝီဒက်စ်ကို ဂျူဗင်တပ်စ်အသင်းခေါ်ယူ

 

သြဂုတ် ၃၁၊ ဂျာမနီ ။                 ။ စီးရီးအေချန်ပီယံဂျူဗင်တပ်စ်အသင်းဟာ ဘိုနုချီထွက်ခွာသွားလို့ အားနည်းနေတဲ့ နောက်တန်းအတွက် ရှော်လ်ကေးနောက်ခံလူ ဟိုဝီဒက်စ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းသာ ဟိုဝီဒက်စ်ရဲ့ အငှားစာချုပ်အတွက် ပေါင် ၃.၂ သန်းပေးချေခဲ့ရပြီး ဂျာမန်နောက်ခံလူရဲ့ခြေစွမ်းကို သဘောကျပါက ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟိုဝီဒက်စ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းရဲ့အသင်းသားတစ်ဦးဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၂ ပွဲ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။

ဟိုဝီဒက်စ်ဟာ ဂျာမန်ထိပ်သီးကလပ်ရှော်လ်ကေးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ၆ နှစ်ကြာ ကစားပေးခဲ့သူပါ။ ပွဲပေါင်း ၂၄၀ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly