အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင် (၄၀)သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်း သဘောတူညီမှု ရရှိ

အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင် (၄၀)သန်းဖြင့် ခေါ်ယူရန် လီဗာပူးလ်အသင်း သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

လီဗာပူးလ်အသင်းဟာ အာဆင်နယ်နှင့် အင်္ဂလန်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂါနေ့က ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အသက် ၂၄ နှစ် ကစားသမားဟာ လီဗာပူးလ်အသင်းနှင့် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီပြီးနောက် တပတ်လုပ်ခ ပေါင် (၁၂၀,၀၀၀) ဖြင့် (၅)နှစ် စာချုပ်,ချုပ်ဆိုသွားပါလိမ့်မယ်။

ချိန်ဘာလိန်ဟာ အာဆင်နယ်နှင့် ၎င်းရဲ့ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်ထဲသို့ ရောက်ရှိနေပြီး အမ်းမရိတ်စ်မှာ ဆက်ရှိနေဖို့ တပတ်လုပ်ခ ပေါင် (၁၈၀,၀၀၀) ဖြင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

သူဟာ ဒီရာသီ အာဆင်နယ်နှင့်အတူ (၄)ပွဲ စတင်ကစားခဲ့ပါတယ်။

အဆိုပါကွင်းလယ်လူဟာ အပြောင်းအရွှေ့မပိတ်သိမ်ခင် ကြာသပတေးနေ့မှာ ဆေးစစ်ခံယူဖို့ ရှိနေပါတယ်။

ချိန်ဘာလိန်ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဆောက်သမ်တန်မှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၉၈ ပွဲကစားခဲ့ပြီး ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။

လီဗာပူလ်းအသင်းဟာ ရိုမားမှ တောင်ပံကစားသမား မိုဟာမက်ဆာလတ်ကို ပေါင် ၃၄ သန်း၊ ဟူးလ်စီးတီးမှ အင်ဒရူး ရောဘတ်ဆန်ကို ပေါင် ၈ သန်းနှင့် ချယ်လ်ဆီးမှာ သက်တမ်းကုန်းဆုံးခဲ့တဲ့ တိုက်စစ်မှူး ဒိုမီနစ် ဆိုလန်ကီးတို့ကို ဒီနွေရာသီမှာ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly