ဂျိုဗီတစ်ရဲ့ဓာတ်ပုံကြောင့် ပီအက်စ်ဂျီကို အမ်ဘတ်ပီရောက်တော့မည်ဟု သတင်းများထွက်ပေါ်

ဂျိုဗီတစ်ရဲ့ဓာတ်ပုံကြောင့် ပီအက်စ်ဂျီကို အမ်ဘတ်ပီရောက်တော့မည်ဟု သတင်းများထွက်ပေါ်

သြဂုတ် ၂၉၊ မိုနာကို ။          ။ မိုနာကိုအသင်းရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ထားတဲ့ ဂျိုဗီတစ်ရဲ့ပုံတွေ အွန်လိုင်းမှာ ပျံနှံ့ခဲ့တာကြောင့် မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီ ပီအက်စ်ဂျီအသင်းကိုရောက်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဂျိုဗီတစ်ဟာ ဒီပုံကို မိုနကိုအသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီ Lian Sports က အွန်လိုင်းပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံမှာ စိတ်ဝင်စားစရာကောင်းတာက မိုနာကိုရဲ့ နံပါတ် ၁၀ ဟာ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီရဲ့ ကျောနံပါတ်ဖြစ်နေခြင်းပါပဲ။ အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီတုန်းက မိုနာကိုမှာ ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ခဲ့တာဖြစ်ပေမယ့် ဒီရာသီမှ နံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂျိုဗီတစ်ရဲ့သတင်းနဲ့အတူ အမ်ဘတ်ပီ ပီအက်စ်ဂျီကို ရောက်ဖို့ သေချာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘတ်ပီကို ယူရိုသန်း ၁၈၀ နဲ့ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီအသင်းက နေမာကို ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူထားတာကြောင့် ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို ရှောင်လွှဲနိုင်ဖို့ ဒီရာသီမှာတော့ အမ်ဘတ်ပီကို အငှားနဲ့သာခေါ်ပြီး နောက်ရာသီကျမှ တရားဝင်လက်မှတ် ရေးထိုးမယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်းဂျိုဗီတစ်ဟာ အင်တာမီလန်အသင်းမှာ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အင်တာမီလန်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းကို အငှားသွားရောက်ကစားခဲ့ပါတယ်။ စပိန်ကလပ်အသင်းမှာ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရည်ညွှန်း fourfourtwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly