ဘယ်လော့တီ၏ ခြေစွမ်းမှာ ယူရိုသန်း ၁၀၀ တန်သည်ဟု မီဟိုင်းလိုဗစ်ချီးကျူး

ဘယ်လော့တီ၏ ခြေစွမ်းမှာ ယူရိုသန်း ၁၀၀ တန်သည်ဟု မီဟိုင်းလိုဗစ်ချီးကျူး

သြဂုတ် ၂၈၊ တူရင်။          ။ ဘယ်လော့တီသည် ယူရိုသန်း ၁၀၀ တန်ကစားသမားဖြစ်ကြောင်း ဆက်ဆူအိုလိုကိုအနိုင်ရသည့်ပွဲတွင် လှလှပပသွင်းယူခဲ့သည့် ဂိုးက သက်သေပြနေသည်ဟု တိုရီနိုနည်းပြ မီဟိုင်းလိုဗစ်ကပြောသည်။

တိုရီနိုက ၃-၀ ဂိုးဖြင့်အနိုင်ရသည့်ယင်းပွဲတွင် အီတလီလက်ရွေးစင်ကစားသမားသည် ၎င်းအတွက်လက်ရှိရာသီ စီးရီးအေ ပထမဆုံးဂိုးကို မြေမကျဗော်လီဆွဲကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

အပြောင်းအရွှေ့သတင်းများထွက်နေသည့် အသက် ၂၃ နှစ်အရွယ်ဘယ်လော့တီကို ပြည်ပကလပ်များခေါ်ယူပါက ယူရိုသန်း ၁၀၀ ပေးရမည်ဟု တိုရီနိုကသတ်မှတ်ထားသည်။

“ဘယ်လော့တီက သူ့ရဲ့အကောင်းဆုံးကိုမရောက်သေးပါဘူး။ ဒါပေမဲ့ ဒီဂိုးက သူ့ဟာ ယူရိုသန်း ၁၀၀ တန်တယ်လို့ ပြလိုက်တာပါပဲ။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမိနစ်တွေမှာ ကျနော်တို့ဖိကစားနိုင်ပေမယ့် သူတို့ခံစစ်ကို မဖောက်နိုင်ခဲ့ပါဘူး။ ပွဲပြီးရလဒ်က ဆိုးချင်ဆိုးနေလိမ့်မယ်။ ဒါပေမဲ့ အနိုင်နဲ့တော့ထိုက်တန်ခဲ့ပါတယ်”ဟု တိုရီနိုနည်းပြမီဟိုင်းလိုဗစ်က စကိုင်းအီတာလီယာသို့ ပြောသည်။

ယမန်နှစ်က စီးရီးအေသွင်းဂိုး ၂၆ ဂိုးရခဲ့သော ဘယ်လော့တီသည် ချယ်လ်ဆီးအသင်းနှင့် အကြီးအကျယ်သတင်းထွက်နေသူ ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly