အာဖဂန်နစ္စတန်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်လို့ ၂၈ ဦး သေဆုံး

အာဖဂန်နစ္စတန်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်လို့ ၂၈ ဦး သေဆုံး

သြဂုတ် ၂၆ ။                  ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့က ရှီးယိုက် ဗလီတစ်ခုမှာ ယမန်နေ့ သြဂုတ်လ ၂၅ ရက်က အိုင်အက်စ်အကြမ်းဖက်သမားတို့ အသေခံဗုံးခွဲပြီး သေနတ်တွေနဲ့ ပစ်ခတ်သွားခဲ့တာကြောင့် အနည်းဆုံး ၂၈ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိသွားတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေခဲ့တဲ့ အာဖဂန်နစ္စတန်အတွက်ကတော့ နောက်ထပ်ကြံုတွေ့လိုက်ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ကာဘူးလ်မြို့ မြောက်ပိုင်းမှာ ရှိတဲ့ ဗလီမှာ ယမန်နေ့က ၀တ်ပြုသူတွေ စုဝေးနေချိန်မှာ တိုက်ခိုက်သူလေးဦးက ၀င်ရောက်ပစ်ခတ်ဖောက်ခွဲသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုတိုက်ခိုက်မှုဟာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ် နိုင်ငံတော်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တို့က ထုတ်ပြန်ကြေညာသွားပါတယ်။

ယခုလအစောပိုင်းတုန်းတော့ အာဖဂန်အနောက်ပိုင်းမြို့တစ်ခုဖြစ်တဲ့ ဟီရတ်မှာ ယခုလိုပဲ ဗလီတစ်ခုကို အိုင်အက်စ်တို့ အသေခံတိုက်ခိုက်ခဲ့လို့ ၃၃ ဦး သေဆုံးပြီး လူပေါင်း ၆၀ ကျော် ဒဏ်ရာရတဲ့ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly