ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၄ ဦး အသတ်ခံရပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရ

ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၄ ဦး အသတ်ခံရပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရ

သြဂုတ် ၂၆ ။                            ။ ယမန်နေ့ သြဂုတ်လ ၂၅ ရက်ညက မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် လူ ၄ ဦး အသတ်ခံခဲ့ရပြီး ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူနှင့် အစိုးရ သတင်းပေးဟု သံသယရှိသူတို့ သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူများမှာ လိပ်ရကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာလောင် ၊ရာအိမ်မှူး ဆိုက်ကူလာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူ ဖော်တာတူလာ နှင့် အစိုးရသတင်းပေးသူဟု သံသယရှိသူ အလယ်သံကျော် ကျေးရွာနေ ဇာဟိတ်တူဆောင်း(ဘ) ဆာလေ (၃၇)နှစ်တို့ ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား ဘင်္ဂလီ အကြမ်းဖက်သမားများက သတ်သွားကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်လုပ်မိုင်း၊ လုပ်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပါ ပြုလုပ်ခဲ့ကြသည်။

ယနေ့ သြဂုတ်လ ၂၆ ရက်၊ နံနက် ၆ နာရီတွင် ဘင်္ဂလီ အကြမ်းဖက်သမားများသည် မြို့သူကြီး ရွာဟောင်းအနီး မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်၌ နေအိမ်အတွင်းမှ ကြိုးသွယ်တန်းထား သော မိုင်း ၂ လုံးအား သိမ်းဆည်းရမိခဲ့သည်။ ၎င်းရွာအနီး၌ ဘင်္ဂလီ အကြမ်းဖက်သမားများနှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ် ၃ စီးသည် ကားမိုင်းထိခဲ့ပြီး ဘင်္ဂလီအကြမ်းဖက် သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့အနီးပတ်ဝန်းကျင်၌ ယနေ့ သြဂုတ်လ ၂၆ ရက် နေ့လည် အထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အဆိုပါ တိုက်ခိုက်မှုများကို ဘင်္ဂါလီ အကြမ်းဖက်တိုက်ခိုက်သူများဘက်က စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များက ခုခံနေရဆဲသာဖြစ်သည်ဟု မောင်တောမြို့နယ် အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မဇ္ဈိမသို့ ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly