ကိုဖီအာနန်အစီရင်ခံစာကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဝေဖန်

ကိုဖီအာနန်အစီရင်ခံစာကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဝေဖန်

ရန်ကုန် သြဂုတ် ၂၆ ။                     ။ အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို)က ထုတ်ပြန်လိုက်သည့် ကြေငြာချက်တွင် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီ ရင်ခံစာက နိုင်ငံတော်၏ တရားဝင် ဥပဒေများကို ပျက်ပြယ်အောင် ပြုလုပ် သည့်သဘောဆောင်နေသည်ဟု ဝေဖန်ထားသည်။

ယမန်နေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ကိုဖီအာနန်အစီရင်ခံစာသည်၁၉၈၂-ခုနှစ် နိုင်ငံ သားဥပဒေကို ကျော် လွန်၍ ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသူ များကို   နိုင်ငံသားဖြစ်နိုင်ရေးကိုသာ   ရှေးရှု အကြံပြုထားခြင်း၊ အချုပ်အခြာအာဏာ ကို အလေးဂရုမပြုဘဲ ထိပါးစေခြင်း၊ ဒေသခံတိုင်းရင်းသားတို့အပေါ်တွင် အနိုင်အထက်ပြုမူခြင်း၊ အကြမ်းဖက် ခြင်းတို့ကို မျက်ကွယ် ပြုထားခြင်း၊ ဌာနေ ရခိုင်သားအပါအဝင် တိုင်းရင်းသားတို့၏ အကျိုးစီးပွားနှင့် နစ်နာချက်များကို လျစ်လျူရှု၍ အခြားသူများကိုသာ အလေးပေး ဖော်ပြထားခြင်း၊ နိုင်ငံတော် ၏ တရားဝင်ဥပဒေများကို ပျက်ပြယ် အောင် ပြုလုပ်သည့်သဘော ဆောင်နေ ခြင်းတို့ တွေ့ရှိရကြောင်း ဝေဖန်ခဲ့သည်။

 "မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက်စွက်ဖက် သည့်သဘော, ထိပါးနှောက်ယှက်သည့် သဘောဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီး သတ် အကြံပြုချက်များကိုလည်းကောင်း၊ ယင်းအကြံပြုချက်အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းကို လည်းကောင်း၊ ၂၅- ၈- ၂ဝ၁၇-နေ့ ရခိုင်ပြည်နယ်ဒေသများ၌ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများက တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်း ဖက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကို လည်းကောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်”ဟုလည်း ယင်းထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ထို့အပြင် လတ်တလောရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်ဖက်မှုများ၏ နောက်ကွယ်တွင် အစီအစဉ် တကျ အားပေးအားမြှောက် စီမံပြုလုပ်မှုများရှိနေသည်ဟု မဘသအဖွဲ့မှ အမည်ပြောင်းလဲဖွဲ့စည်း ခဲ့သည့်ယင်းဖောင်ဒေးရှင်း၏ ကြေငြာချက်ထဲတွင်ဖေါ်ပြထားသည်။

မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး၊ သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့ထံ ပေးပို့ခဲ့သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီအရင်ခံစာထုတ်ပြန်သည့်အချိန်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပ ခါနီးချိန်တို့နှင့် အချိန်ကိုက်ဖန်တီးပြုလုပ် ခြင်းကို ကြည့်ခြင်းအားဖြင့် သိသာထင် ရှားသည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ချက်တွင်လည်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ် အစီရင်ခံစာထုတ်ပြန်သည့် အချိန်နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required