ကစားသမား ၁၁ ယောက်ထဲနဲ့ ဖလားမရနိုင်ဘူးလို့ပြောဆိုလိုက်တဲ့ ကွန်တီ

ကစားသမား ၁၁ ယောက်ထဲနဲ့ ဖလားမရနိုင်ဘူးလို့ပြောဆိုလိုက်တဲ့ ကွန်တီ

သြဂုတ် ၂၆၊ လန်ဒန်။                         ။ ချယ်လ်ဆီးဘုတ်အဖွဲ့က ကစားသမားသစ် ဝယ်ပေးတာကိုလိုချင်နေတဲ့ နည်းပြကွန်တီက ကစားသမား ၁၁ ယောက် လောက်နဲ့ ဖလားမရနိုင်ဘူးလို့   ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရူဒီဂါ၊ ဘာကာယိုကို၊ မိုရာတာတို့ကို ပေါင်သန်း ၁၂၀ အကုန်ကျခံပြီးဝယ်ယူထားပေမယ့် ဂျွန်တယ်ရီ၊ မာတစ်တို့အပြင် အသင်းမပြောင်းသေးပေမယ့် ပျက်ကွက်နေတဲ့ ဒီယေဂိုကော်စတာတို့ကို ဆုံးရှုံးထားရတာကြောင့် ကွန်တီက လူသစ်ထပ်ဝယ်ချင်နေတာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားသစ်ဝယ်မယ်ဆိုရင် လာမယ့် ကြာသပတေးနေ့အပြောင်းအရွှေ့မပိတ်မီ ၆ ရက် အချိန်ရပါသေးတယ်။

ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်ရဲ့ချန်ဘာလိမ်၊ လက်စတာရဲ့ ဒရင့်ဝါတာ၊ အဲဗာတန်ရဲ့ ဘာကလေ၊ ဆောက်သမ်တန်ရဲ့ ဆိုအာရက်စ်တို့ကို ခေါ်နိုင်ဖို့ ကြိုးစားနေပါတယ်။

စက်တင်ဘာလထဲမှာ ပြိုင်ပွဲအမျိုးအစားလေးမျိုးအတွက် ရ ပွဲထိကစားရမှာဖြစ်လို့ ကစားသမားသစ်ခေါ်တာက အကျိုးရှိမယ်လို့ ကွန်တီက ပြောပါတယ်။

“ကျွန်တော်တို့ တစ်လအတွင်း ရ ပွဲကစားရမှာဖြစ်လို့ အလှည့်ကျပွဲထုတ်ဖို့လိုနေပါတယ်။ ကစားသမား ၁၁ ယောက်၊ ၁၃ ယောက်လောက်ကိုပဲ ကျွန်တော်အသုံးပြုနိုင်တယ်လို့ တစ်ယောက်ယောက်ကထင်နေရင်တော့ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။

အလှည့်ကျစနစ်နဲ့ ပွဲထုတ်ဖို့ လိုအပ်ပါတယ်။ အဲဒီအခြေအနေကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ကျွန်တော်တို့အနေနဲ့ အသင်း အင်အားတောင့်ဖို့ကြိုးစားနေပါတယ်။ အပြောင်းအရွှေ့စျေးကွက်ထဲ ကျွန်တော်တို့ရှိနေရင် လူအင်အားဖြည့်ဖို့လိုနေလို့ဆိုတဲ့ သဘောပါ”လို့ ကွန်တီက ပြောဆိုခဲ့ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly