သုံးနှစ်အတွင် ပထမဆုံးအကြိမ်အဖြစ် စပိန်လူစာရင်းတွင် ဒေးဗစ်ဗီလာ ပြန်လည်ပါဝင်လာ

သုံးနှစ်အတွင် ပထမဆုံးအကြိမ်အဖြစ် စပိန်လူစာရင်းတွင် ဒေးဗစ်ဗီလာ ပြန်လည်ပါဝင်လာ

သြဂုတ် ၂၆၊ စပိန်။               ။ ဝါရင့်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် သုံးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် စပိန်လက်ရွေးစင်အသင်း လူစာရင်းတွင် ပြန်လည် ရွေးချယ်ခံခဲ့ရသည်။

အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းတွင်ကစားနေသည့် အသက် ၃၅ နှစ်အရွယ် ကစားသမားသည် ၂၀၁၄ ကမ္ဘာ့ဖလားတွင် စပိန်အသင်းအုပ်စုမှပြုတ်ပြီးနောက် လက်ရွေးစင်ကစားသမား ဘဝမှ အနားယူသွားခဲ့သူဖြစ်သည်။

ဗီလာသည် ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်သည့် အီတလီ၊ လက်ချင်စတိန်းတို့နှင့်ပွဲအတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ အစား ရွေးချယ်ခံရခြင်းဖြစ်သည်။

“သူက ကျွန်တော်တို့အတွက် အသင့်ဖြစ်နေပြီး စိတ်အားလည်းထက်သန်မှုကိုလည်းပေးပါတယ်”ဟု စပိန်နည်းပြ ဟူလန် လော်ပတ်တေးက ပြောသည်။

ဗီလာသည် စပိန်အသင်းအတွက်ဂိုးအများဆုံးသွင်းထားသည့်တိုက်စစ်မှူးဖြစ်ပြီး စုစုပေါင် ၉၇ ပွဲတွင် ၅၉ ဂိုးရထားသည်။ ပြန်လည်ရွေးချယ်ခံရခြင်းနှင့်ပတ်သက်ပြီး ဗီလာက “လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီး အမြဲအိပ်မက်နေပေမယ့် အဲဒါက ခက်ခဲ ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က သူတို့ကျွန်တော့်ဆီမလာခဲ့တာကြောင့် အဲဒါကခက်တဲ့ပုံပါပဲ။ ဒါပေမဲ့ လက်ရွေးစင်အသင်းဂျာစီဝတ်ရတာကို ကျွန်တော်အမြဲအိပ်မက်နေပြီး အဲဒီစိတ်ကလည်းမပြောင်းလဲပါဘူး”ဟု ပြောသည်။

ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုလည်းလွဲချော်မည်ဖြစ်သော်လည်း အသင်းဖော်များဖြစ်သည့် မိုရာတာ၊ အက်စ်ပီလီကွယ်တာ နှင့် ပက်ဒရိုတို့မှာ ၂၆ ဦးစာရင်းတွင်ပါဝင်နေသည်။

မန်ယူအသင်းဂိုးသမား ဒေးဗစ် ဒီဂီယာနှင့် မန်စီးတီးကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားတို့လည်း ရွေးချယ်ခံထားရသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly