ရခိုင်တွင် တိုက်ခိုက်ခံရမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်နေ

ရခိုင်တွင် တိုက်ခိုက်ခံရမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်နေ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

သြဂုတ်လ ၂၅ ။           ။ ရခိုင်ပြည်နယ်တွင် သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရမှုကိစ္စရပ်များအပေါ် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တို့ သည် နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ် သတင်းပို့ခဲ့ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတအိမ်တော်၌ ၁၄၀၀ နာရီ အချိန်တွင် လာရောက် တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ အမိုျးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် ယနေ့ ၁၅၃၀ နာရီအချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (နေပြည်တော်) ၌ အစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ရဲတပ်ဖွဲ့နှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ ကင်းစခန်းများ၊ အခြေစိုက်စခန်း အများအပြားကိုတစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပုံ၊ လုံခြံုရေးတပ်ဖွဲ့ဝင်များအပြင် အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေများ၊ ပိတ်ဆို့ ခြင်းခံထားရသော အရပ်သား ပြည်သူများအား ကယ်ထုတ်ရန် လိုအပ်သည့် အခြေအနေများ၊ လုံခြံုရေးတပ်ဖွဲ့ဝင်များမှ တုံ့ပြန်ဆောင်ရွက်နေရသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရမှ မြေပြင်အခြေအနေ တင်ပြချက်များ စသည်တို့ကိုညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည် ဝန်ထမ်းများနှင့် ဒေသခံရပ်သူ/ ရွာသားများ၏ လုံခြံုရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန် အသေးစိတ် လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။ ပြည်နယ်အစိုးရထံသို့လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ လူကိုယ်တိုင် လာရောက်၍ ယနေ့နံနက်စောပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနေမှု အခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ အကြမ်းဖက်တိုက်ခိုက်သူ (၇၇) ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး၊ (၂) ဦးကို အရှင် ဖမ်းမိခဲ့သည်ဟု သိရသည်။

အစိုးရဖက်မှ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားများအား ယနေ့ ညနေပိုင်းတွင် ပြောင်းရွှေ့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly