သယ်​ယူပို့​ဆောင်​​ရေးယာဉ်​များ​ပေါ်တွင်​ အမျိုးသမီးများလုံခြံု​ရေး တည်​​ဆောက်​သင်​့

သယ်​ယူပို့​ဆောင်​​ရေးယာဉ်​များ​ပေါ်တွင်​ အမျိုးသမီးများလုံခြံု​ရေး တည်​​ဆောက်​သင်​့

ရန်​ကုန်​၊ သြဂုတ်လ​၂၅ ။          ။ သယ်​ယူပို့​ဆောင်​​ရေးယာဉ်​များ​ပေါ်တွင်​ အမျိုးသမီးများထိပါး​နှောက်​ယှက်​ခံရမှုများအတွက်​ လုံခြံုစိတ်​ချရသည်​့ ပတ်​ဝန်​းကျင်​မျိုး ဖန်​တီး​ပေးသင်​့​ကြောင်​း Action Aid Myanmar မှ  အမျိုးသမီးသမီးအခွင်​့ အရေးတာဝန်​ခံ ​ဒေါ်ခိုင်​ဇာလင်​းကဆိုသည်​။

"အန္တရာယ်​ရှိနိုင်​တယ်​လို့ ဆိုတဲ့အမျိုးသမီး​တွေကပဲ။ ဖြေရှင်​းဖို့စဉ်​းစားတာမဟုတ်​ဘဲနဲ့ အဲဒီလိုအန္တရာယ်​မျိုး မဖြစ်​​အောင်​ လူမှုပတ်​ဝန်​းကျင်​အရ၊ နိုင်​ငံ​တော်​ရဲ့​စောင်​့​ရှောက်​တဲ့စနစ်​​တွေအရ ပြင်​ဆင်​​ပေးနိုင်​ဖို့ ကာကွယ်​​ပေးနိုင်​ဖို့ အများကြီးလိုတယ်​လို့ ကျွန်​မက မြင်​ပါတယ်​။ အမျိုးသမီး​တွေ ဘာလုပ်​သင်​့တယ်​လို့​ပြောတယ်​ဆိုတာထက်​ နိုင်​ငံ​တော်​နဲ့ကျွန်​မတို့အဖွဲ့အစည်​း​တွေက ဘာ​တွေ ဝိုင်​း လုပ်​​ပေးနိုင်​မလဲဆိုတဲ့ ပတ်​ဝန်​းကျင်​တည်​​ဆောက်​ဖို့က အ​ရေးကြီးမှာပါ"ဟု Action Aid Myanmar မှ  အမျိုးသမီးအခွင်​့အ​ရေးတာဝန်​ခံ ​ဒေါ်ခိုင်​ဇာလင်​းက ​ပြောသည်​။

သယ်​ယူပို့​ဆောင်​​ရေးယာဉ်​များဖြစ်​သည်​့ ဘတ်​စ်​ကား၊ အငှားယာဉ်​၊ ရထားနှင်​့ ​ရေယာဉ်​များ​ပေါ်တွင်​ အမျိုးသမီးများ ကာယိန္ဒြေ ထိခိုက်​​စော်​ကားလုပ်​​ဆောင်​ခံရမှုများသည်​ လူမှုကွန်​ရက်​မီဒီယာများ​ပေါ်တွင်​ ပျံနှံ့လျက်​ရှိသည်​။

အမျိုးသမီးများ လုံခြံုစိတ်​ချစွာ သွားလာနိုင်​​ရေးအတွက်​ ​အထူးသဖြင်​့အိမ်​မှ အလုပ်​သို့သွားလာရာလမ်​း ခရီး၌ သယ်​ယူပို့​ဆောင်​​ရေးများဖြစ်​သည်​့ ဘတ်​စ်​ကားများ၊ အငှားယာဉ်​များ၊မီးရထားများ အစရှိသည်​တို့၌ စီစဉ်​​ပေးသင်​့​ကြောင်​း ​ဒေါ်ခိုင်​ဇာလင်​းက​ ပြောသည်​။

သို့​သော်​အမျိုးသမီးများ​အ​နေဖြင်​့ မိမိကိုယ်​ကိုယ်​ကာကွယ်​ရန်​ အဆင်​သင်​့ဖြစ်​​နေသင်​့​ကြောင်​း ရန်​ကုန်​တိုင်​း​ဒေသကြီးအမျိုးသမီး​ရေးရာအဖွဲ့ချုပ်​မှ ဥက္ကဋ္ဌ ​ဒေါ်​အေး​အေးမြင့်က ဆိုသည်။

“ အမျိုးသမီးတစ်​ဦးချင်​းတစ်​ဦးချင်​းမှာ ကိုယ်​့ကိုကိုယ်​​ဘေးကင်​းလုံခြံုဖို့ဆိုတာ ကိုယ်​့မှာသတိအမြဲတမ်​းရှိ​နေရမယ်​​ပေါ့​နော်​ ​ဘေးပတ်​ဝန်​းကျင်​ကဘယ်​လိုပဲပံ့ပိုးမှုမျိုးလုပ်​​ပေး​ပေး ကိုယ်​့ကိုကိုယ်​ အမြဲသတိထား​နေပြီး မိမိကိုယ်​ကိုယ်​လုံခြံုဖို့အတွက်​ အဆင်​သင်​့ဖြစ်​တဲ့အ​နေအထားကို လုပ်​ထားရမယ်​​ပေါ့​ သူများကိုကြီးပဲအားကိုး​နေလို့မဖြစ်​ဘူး​ပေါ့"ဟု ရန်​ကုန်​တိုင်​း​ဒေသကြီးအမျိုးသမီး​ရေးရာအဖွဲ့ချုပ်မှ ​ဒေါ်​အေး​အေးမြင့်​့က​ပြောသည်​။

ထိုကဲ့သို့အမျိုးသမီးများအ​​ပေါ်ကာယိေ​န္ဒြပျက်​ပြား​​စေရန်​ သယ်​ယူပို့​ဆောင်​​ရေးယာဉ်​များ​ပေါ်၌ လုပ်​​ဆောင်​​နေမှုမှာ ရာဇဝတ်​မှု​မြောက်​ပြီး ထိ​ရောက်​ကြီး​လေးသည်​့ ပြစ်ဒဏ်မျိုးဖြစ်ကြောင်​း သိရှိလျှင်​ အဆိုပါကိစ္စရပ်​များ ပ​ပျောက်​သွားနိုင်​​ကြောင်​း ​ဒေါ်ခိုင်​ဇာလင်​းက​ ပြောသည်​။

​ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မနိုနိုလင်​းက လုံခြံုစိတ်​ချရ​စေရန်​ အငှားကားများကို ကုမ္ပဏီပိုင်​များဖြစ်​​စေချင်​ပြီး ဘတ်​စ်​ကားများကို စပယ်​ယာမပါသည်​့ကားမျိုးဖြစ်​စေချင်​​ကြောင်​း ​ပြောသည်​။

"ဘတ်​စ်​ကားတို့တက္ကစီတို့​ပေါ်မှာ ကာယိန္ဒြေပျက်​ပြား​အောင်​လုပ်​မယ်​ဆိုရင်​​တော့ အနည်​းဆုံးမိန်​းက​လေးတစ်​​ယောက်​တည်​းဖြစ်​မယ်​ဆုရင်​​တော့ ပြန်​တုံ့ပြန်​ဖို့အဆင်​မ​ပြေဘူး အန္တရာယ်​ရှိနိုင်​တယ်​​လေ အဲဒီ​တော့အသိ​တစ်​​ယောက်​​ယောက်​ကိုဖုန်​းဆက်​မယ်​ တကယ်​မဟုတ်​ရင်​​တောင်​ ဆက်​ချင်​​ယောင်​​ဆောင်​တာပဲဖြစ်​ဖြစ်​ အဲဒီလိုမျိုးလုပ်​မိမယ်​ထင်​တယ် ဒါမှမဟုတ်​ရင်​လည်​း တံခါးကိုဖွင်​့ပြီး အကူအညီ​တောင်​းတာမျိုး လုပ်​မိမယ်​ထင်​တယ်​" ဟု ​မနိုနိုလင်​းက ​ဆက်​​ပြောသည်​။

သယ်​ယူပို့​ဆောင်​​ရေး ဘတ်​စ်​ကား​ပေါ်တွင်​ ကျောင်​းဆရာမတစ်​ဦးအား ​ဘေးခုံရှိလူမှ ညစ်​ညမ်​းဗီဒီယိုပြသမှု၊ အငှားယာဉ်​မျ​ား​ပေါ်တွင်​ အမျိုးသမီးများအား မဖွယ်​မရာလုပ်​ပြမှုစသည်​တို့အပြင်​ အမျိုးသမီးများအ​ပေါ်အခြား​သော ထိခိုက်​စော်​ကားသည်​့ ကိစ္စရပ်​များဖြစ်​ပွား​နေသည်​။

ထိုသို့ကြံု​တွေ့လာပါက အမျိုးသမီးများ၏ ကာယိ​န္ဒြေထိခိုက်​​အောင်​ပြုလုပ်​ခြင်​းအတွက်​ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၅၀၉)၊ ညစ်​ညမ်​းစကားဆဲဆိုခြင်​းများအတွက် ပုဒ်​မ(၂၉၄)နှင်​့ ကာယိ​န္ဒြေပျက်​စီးရန်​လက်​​ရောက်​မှုအတွက်​ ပုဒ်​မ(၃၅၄)ဖြင်​့​ရေးယူနိုင်​ပြီး အနည်​းဆုံး​ထောင်​ဒဏ်​ (၃)လမှ (၂)နှစ်​အထိချမှတ်​နိုင်​ကာ ​ငွေဒဏ်​သို့မဟုတ်​ ဒဏ်​နှစ်​ရပ်လုံးချမှတ်​နိုင်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly