မောင်တောမြို့နယ်ရှိ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများအား ပြောင်းရွှေ့ပေးနေ

မောင်တောမြို့နယ်ရှိ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများအား ပြောင်းရွှေ့ပေးနေ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

သြဂုတ်လ ၂၅ ။            ။ မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများ နှင့် မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားများအား  ပြောင်းရွှေ့ပေးခဲ့ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ထွေအုပ် ဝန်ထမ်း ၁၁ ဦး နှင့် မိသားစုဝင် ၅ ဦး ၊ နလတ ဝန်ထမ်း ၁ ဦး နှင့် မိသားစုဝင် ရ ဦး၊ လမ်းဦးစီး ဝန်ထမ်း ၂ ဦး တို့အား နယ်ခြားစောင့် ရဲတပ်ရင်း နယ်မြေ ၁ ရဲစခန်းသို့ လည်းကောင်း ၊ မြင်းလွတ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၁၇ ဦးသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးရုံးသို့ လည်းကောင်း ၊ ပညာရေးဝန်ထမ်း ၁၂ ဦး သည် နယ်ခြား စောင့်ရဲ မောရဝတီစခန်းသို့ လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့ရှိ ထွေအုပ်ဝန်ထမ်း ၆ ဦး၊ ပညာရေး ဝန်ထမ်း ၁၀ ဦး တို့သည် မင်းခမောင်း တိုင်းရင်းသားကျေးရွာသို့ သွားရောက် ပူးပေါင်းနေထိုင်လျက်ရှိရာ အဆိုပါ ဝန်ထမ်း ၁၆ ဦး အား လုံခြံုရေးရှိသည့်နေရာသို့ ပြောင်းရွှေ့နိုင်ရေး စီစဉ်လျက် ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းမှ ကလေးများ၊ အမျိုးသမီးများ၊ ရွာသား များ စုစုပေါင်း ၄၀၀ ကျော်တို့အား တောင်ပြိုအထက်တန်းကျောင်းသို့ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးသို့ အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀ ဦး ခေတ္တရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရပြီး ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာ နှင့် ပီရွက်ကျေးရွာမှ ရွာသူ/သားများ ဌာနဆိုင်ရာများအား ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့သည် မောင်တောဒေသအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ဘေးကင်းလုံခြံုသည့် နေရာများသို့ ဆက်လက်ပြောင်းရွှေ့ပေးလျက်ရှိကြောင်း နှင့် နယ်မြေစိုးမိုးနိုင်ရေး ရှင်းလင်းဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly