ဝိန်းရွန်နီ၏အရိပ်အောက်မှ ရုန်းထွက်ကြရန် အင်္ဂလန်ကစားသမားများကို နည်းပြဆောက်ဂိတ်တိုက်တွန်း

ဝိန်းရွန်နီ၏အရိပ်အောက်မှ ရုန်းထွက်ကြရန် အင်္ဂလန်ကစားသမားများကို နည်းပြဆောက်ဂိတ်တိုက်တွန်း

သြဂုတ် ၂၅၊ လန်ဒန်။               ။ ဝိန်းရွန်နီ၏အရိပ်အောက်မှ ရုန်းထွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အင်္ဂလန်ကစားသမားများကို နည်းပြဆောက်ဂိတ်က တိုက်တွန်းပြောဆိုလိုက်သည်။

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူရန် ရုတ်တရက်ဆုံးဖြတ်သွားသည့် ဝိန်းရွန်နီနှင့်ပတ်သက်ပြီး အင်္ဂလန်နည်းပြက ပြောဆိုလိုက်ခြင်းဖြစ်သည်။

အနားယူသွားသည့် အသက် ၃၁ နှစ်အရွယ် ဂိုးသွင်းစံချိန်ရှင် ရွန်နီကို မော်လ်တာ၊ ဆလိုဗက်ကီးယားတို့နှင့်ပွဲတွင် တစ်နေရာစာ ပေးပြီးကမ်းလှမ်းမည့်အကြောင်းကို ဆောက်ဂိတ်က ကြာသပတေးနေ့တွင် အတည်ပြုထားသည်။

ယခုအခါဆောက်ဂိတ်က လစ်လပ်သွားသည့်နေရာကိုဖြည့်တင်းကြရန် စီနီယာကစားသမားများကို တိုက်တွန်းသည့်အနေဖြင့် “ဝိန်းဟာ သူထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေကြောင့် အလွယ်တကူပျောက်ကွယ်သွားနိုင်မယ့် လူတစ်ယောက် လိုမျိုးဖြစ်ခဲ့ရ တယ်။ အဲဒါက သူ့အတွက်တရားမမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။

စတီဗင်ဂျရတ်အနားယူသွားပြီးကတည်းက ဝိန်း ယူခဲ့ရတဲ့တာဝန်တွေကို ဘယ်သူမှမလုပ်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ အခုတော့ တခြားသူတွေအနေနဲ့ တာဝန်၊ ဝတ္တရားတွေကို ရယူသင့်ကြပါပြီ။

ကျွန်တော်တို့အနေနဲ့ အသင်းကောင်းတစ်သင်း ဖြစ်အောင်သွားနေတယ်ဆိုရင် ဖြစ်ရပ်ကြီးတွေ၊ ပြိုင်ပွဲတွေမှာ တိုးတက်လာမယ့် ကစားသမားမျိုးတွေလိုအပ်ပါတယ်။ အခုအချိန် လူတိုင်းမှာအခွင့်အရေးရှိနေပါတယ်။ အခုအဖြစ်က စိုးရိမ်စရာအဖြစ်မဟုတ် ပါဘူး။ အခွင့်အလမ်းတစ်ခုသာဖြစ်ပါတယ်”ဟု ပြောသည်။

ရွန်နီ၏အနားယူမှုကို အကောင်းဆုံးဖြစ်အောင်မည်သို့မည်ပုံလုပ်ပေးသင့်သည်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်ဆွေးနွေးနေ ကြောင်းလည်း ဆောက်ဂိတ်ကပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly