အကြမ်းဖက်တိုက်ခိုက်မှု သတိပေးချက်ကြောင့် နယ်သာလန်တွင် လုံခြံုရေးစီမံချက်များ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေ

အကြမ်းဖက်တိုက်ခိုက်မှု သတိပေးချက်ကြောင့် နယ်သာလန်တွင် လုံခြံုရေးစီမံချက်များ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေ

သြဂုတ် ၂၅ ။           ။ နယ်သာလန်တွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ကျူးလွန်ရန် လူတစ်ချို့က အကွက်ချစီစဉ်နေသည်ဆိုသည့် သတင်းပေးချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံတွင် လုံခြံုရေးတင်းကျပ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အားချင်းလုပ်ဆောင်နေလျက်ရှိသည်ဟု သိရသည်။

ရော့တာဒမ်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ရော့ခ်ဂီတပွဲတစ်ခုကို ပစ်မှတ်ထား၍ လူတစ်ချို့က အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသည် ဆိုပြီး စပိန်ရဲတပ်ဖွဲ့ထံမှ သတင်းပေးမှုတစ်ခုကို ရရှိခဲ့ပြီးနောက် အဆိုပါ ဖျော်ဖြေပွဲကို တာဝန်ရှိသူများက ပြန်လည်ဖျက်သိမ်းခဲ့ရသည်။ ယခုအခါတွင်လည်း နယ်သာလန်အာဏာပိုင်များက နိုင်ငံတွင် လုံခြံုရေးစစ်မေးမှုများကို တင်းကျပ်ဆောင်ရွက်နေလျက်ရှိသည်။

အလားတူ ယင်းဖျော်ဖြေပွဲကို တိုက်ခိုက်ရန် ကြံစည်သည်ဟု သံသယဖြင့် ဗင်ကားဒရိုင်ဘာတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း ယခုအခါ ၎င်းအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ဂက်စ်ဗူးများ တင်ဆောင်လာသည့် အဆိုပါ ဗင်ကားဒရိုင်ဘာကို အကြမ်းဖက်သံသယဖြင့် နယ်သာလန်ရဲများက ဖမ်းဆီးစစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိအချိန်တွင်လည်း နိုင်ငံတွင် လုံခြံုရေးအရ စစ်ဆေးစုံစမ်းမှုများကို ရဲတပ်ဖွဲ့က အရှိန်မြင့်လုပ်ဆောင်နေလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့တဲ့သီတင်းပတ်များအတွင်းကလည်း ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခုကြောင့် ၁၅ ဦးသေဆုံးပြီး ၁၂၀ ကျော်ဒဏ်ရာရ ခဲ့သည့်ဖြစ်စဉ်တစ်ခု   ဖြစ်ထားခဲ့သေးသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly