အီဗရာဟီမိုဗစ်​ကို မန်​ယူအသင်​း ၁ နှစ်​ စာချုပ်​ ချုပ်​ဆို

အီဗရာဟီမိုဗစ်​ကို မန်​ယူအသင်​း ၁ နှစ်​ စာချုပ်​ ချုပ်​ဆို

မန်​ယူအသင်​းသည်​ ယမန်​နှစ်​က အသင်​းအတွက်​ ​ခြေစွမ်​းပြကစားခဲ့​သော တိုက်​စစ်​မှူးအီဗရာဟီမိုဗစ်​ကို ၁ နှစ်​စာချုပ်​ ပြန်​လည်​ချုပ်​ဆိုလိုက်​ပြီဖြစ်​သည်​။

အသက်​ ၃၅ နှစ်​အရွယ်​ရှိ မိုဗစ်​သည်​ ပြီးခဲ့သည်​့ရာသီက ၄၆ ပွဲကစားပြီး ၂၈ ဂိုးအထိသွင်​းယူ​ပေးခဲ့သူဖြစ်​သည်​။

ဆယ်​တာဗီဂိုနှင်​့ကစားခဲ့​သော ယူရိုပါလိဂ်​ဆီမီးဖိုင်​နယ်​ပွဲတွင်​ ဒူးဒဏ်​ရာရခဲ့ပြီး ခွဲစိတ်​ကုသခံခဲ့ရကာ အနားယူ​နေခဲ့ရသူဖြစ်​သည်​။ ယခုဒဏ်​ရာမှာ ပြန်​လည်​သက်​သာလာသည်​့အတွက်​ မန်​ယူကစာချုပ်​ ပြန်​လည်​ချုပ်​ဆိုခဲ့ခြင်​းဖြစ်​သည်​။

စာချုပ်​သစ်​ချုပ်​ဆိုပြီး​နောက်​တွင်​ မိုဗစ်​က "ကျွန်​​တော်​စခဲ့တဲ့အရာကို အဆုံးသတ်​ဖို့ ပြန်​လာပါပြီ။ အသင်​းက ကျွန်​​တော်​့ကိုဆက်​ရှိ​နေ​စေချင်​တယ်​ဆိုတာကို စိတ်​ထဲအမြဲရှိပါတယ်​။ အိုးထရက်​ဖို့ဒ်​မြက်​ခင်​း​ပေါ်ပြန်​လာဖို့မ​စောင်​့နိုင်​​တော့ပါဘူး။ ဒါ​ပေမယ်​့ ကိုယ်​့အ​ခြေအ​နေကို ကိုယ်​​ကောင်​း​ကောင်​းသိပါတယ်​။ အမြန်​ဆုံးပြန်​ကစားနိုင်​ဖို့ ပြင်​းပြင်​းထန်​ထန်​ကြိုးစားသွားမှာပါ" ဟု ဆိုသည်​။
မိုဗစ်​သည်​ မန်​ယူအသင်​းတွင်​ ရွန်​နီ၏​ကျောနံပတ်​ ၁၀ ဂျာစီကိုဝတ်​ဆင်​ကစားမည်​ ဖြစ်​သည်​။

​မော်​ရင်​ဟိုကလည်​း ဗိုဗစ်​၏ဒဏ်​ရာအလျင်​အမြန်​ ပြန်​လည်​သက်​သာလာပြီး အသင်​းနှင်​့ပြန်​လည်​ပူး​ပေါင်​းသည်​့အတွက်​ ၀မ်​းသာမိ​ကြောင်​းနှင်​့ မိုဗစ်​မှာဒုတိယရာသီဝက်​တွင်​အသင်​းအတွက်​အ​ရေးပါသည်​့ ကစားသမားဖြစ်​လာမည်​မှာ သံသယဖြစ်​စရာမရှိ​ကြောင်​း ဆိုခဲ့သည်​။

ရည်​ညွှန်​း ​ဒေးလီး​မေးလ်​

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly