မကွေးတိုင်းအတွင်း သတ္တုသိုက်တွေ့ရှိခြင်း အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တိုင်းဝန်ကြီးချုပ်ဆွေးနွေး

မကွေးတိုင်းအတွင်း သတ္တုသိုက်တွေ့ရှိခြင်း အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တိုင်းဝန်ကြီးချုပ်ဆွေးနွေး

မကွေး၊ သြဂုတ် ၂၄ ။             ။ စေတုတ္တရာမြို့နယ်နှင့် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ် အကြားတွင် အလားအလာကောင်းသော သတ္တုသိုက်တွေ့ရှိခြင်းအကြောင်း အပါအဝင် မ​ကွေးတိုင်​းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညို သည်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​နှင်​့ အင်​တာနက်​အွန်​လိုင်​း ဗီဒီယိုမှတဆင့် စကား​ပြောတင်​ပြခြင်​းတို့ကို သြဂုတ်လ ၂၃ရက်နေ့ နံနက်ပိုင်းက မကွေးအခြေစိုက် သတင်းမီဒီယာများနှင့်တွေ့ဆုံကာ ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်။

“ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ထံကို မ​ကွေးတိုင်​းရဲ့ကျန်​းမာ​ရေး ပညာ​ရေး စီးပွား​ရေး စွမ်​းအင်​ ​ဒေသဖွံ ့ဖြိုး​ရေး၊ ​ရေနံလက်​ယက်​တွင်​းရန်ပုံ​ငွေ၊ လယ်​ယာ​မြေကိစ္စ မူလပိုင်​ရှင်​ထံ ပြန်​လည်​​ပေးအပ်​ရန် ကိစ္စများ ၊အလားအလာ​ကောင်​း​သော သတ္တုသိုက်​ ကိစ္စများကို အွန်လိုင်းဗီဒီယိုမှ စကားပြော ရှင်းလင်းတင်ပြခဲ့ပါတယ်” ဟု မကွေးတိုင်းဒေသကြီးဝန်​ကြီးချုပ်​ ဒေါက်တာအောင်မိုးညိုကပြောသည်။

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အကြားတွင် အလာအလာအလွန်ကောင်းသည့် သတ္ထုရတနာသိုက်တစ်ခုကို တွေရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးမြို့ မန်းရေနံမြေနှင့် ထောက်ရှာပင် ကမ်းနီရေနံမြေတစ်လျောက် အလျားမိုင်၂၀ ခန့်နဲ့ အနံ ၃ မိုင်ခန့် ရေနံမြေတစ်ခု တွေ့ရှိထားသည်။

အဆိုပါတွေ့ရှိချက်များအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြေပြင်အနေအထားအား ကွင်းဆင်းစစ်ဆေးလေ့လာကာ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများအား သက်ဆိုင်ရာများက ပြန်လည်စွန့်လွှတ်ရန် ကြန့်ကြာမှုများရှိနေသည့်အပေါ် အမြန်ဆုံးဆောင်ရွက်ပေးရေး၊ မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်တောရွာများအနီး၌ တောင်သူ အသုံးပြုယာဉ်များအတွက် အသေးစားပန့်သုံး ဓာတ်ဆီဆိုင်များ ထားရှိ ဖွင့်လှစ်ခွင့်ပြုနိုင်ရေးတို့အပေါ် ပြည်ထောင်စုအစိုးရမှ လိုအပ််သလို စိစစ်၍ သုတေသန ပြုနိုင်ရေးနှင့် ယခင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေထံက  ပြန်ရခဲ့သော ဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ကျပ် သန်းပေါင်း(၃၂၇၀) ကို သုံးစွဲရန် လျာထားချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဒီကျပ်သန်းပေါင်း(၃၂၇၀)နဲ့ ပတ်သက်ပြီး ဘာတွေသုံးမလဲဆိုတာ ပြည်ထောင်စုအစိုးရကို တင်ပြထားတာရှိတယ်။ စိစစ်ပြီးတော့ ခွင့်ပြုဖို့ပြောထားပါတယ်” ဟု ဝန်ကြီးချုပ် က ပြောသည်။

သြဂုတ်လ ၂၂ ရက်က ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေက အစိုးရအဖွဲ့နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အွန်လိုင်း ဗီဒီယိုကနေ အမေးအဖြေ ပြုလုပ်ခဲ့ကြပြီး သြဂုတ်လ ၂၃ရက်က မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေက အစိုးရအဖွဲ့တွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly