ဘရာဇီးနိုင်ငံ အမေဇုန်ဒေသ၌ လှေနှစ်မြုပ်၍ ၁၀ဦးသေဆုံးပြီး ၃၀ခန့်ပျောက်ဆုံး

ဘရာဇီးနိုင်ငံ အမေဇုန်ဒေသ၌ လှေနှစ်မြုပ်၍ ၁၀ဦးသေဆုံးပြီး ၃၀ခန့်ပျောက်ဆုံး

ဆော်ပေါ်လို၊ သြဂုတ် ၂၄ ။                     ။ ဘရာဇီးနိုင်ငံ အမေဇုန်ဒေသရှိ ပါရာပြည်နယ်မှမြစ်ထဲတွင် လှေတစ်စင်း နစ်မြုပ်ခဲ့ရာမှ အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး ၃၀ခန့် ပျောက်ဆုံးနေကြောင်း ဘရာဇီးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဇင်ဂူမြစ်ထဲ၌ အင်္ဂါနေ့ညက လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လှေပေါ်၌လိုက်ပါလာသူများထဲမှ ၂၀ခန့်ကို ကမ်းပေါ်သို့ ရောက်အောင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘရာဇီးနိုင်ငံမြောက်ပိုင်းပြည်နယ်မှ ပြည်သူ့လုံခြံုရေးနှင့် ကာကွယ်ရေး အဖွဲ့က ပြောခဲ့သည်။

ဒါ့အပြင် သေဆုံးသူများထဲတွင် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါ၀င်ခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီးရှိ မြို့နယ်မှ အကြံပေးအရာရှိတစ်ဦးဖြစ်သူ မာဆယ်တောရက်စ်က ပြောခဲ့သည်။

လူ ရ၀ခန့်ကို သယ်ဆောင်လာခဲ့သော အဆိုပါလှေသည် မုန်တိုင်းတိုက်ခတ်ခဲ့ချိန်၌ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူများ၏ ပြောဆိုချက်အရ သိရသည်။

ဘရာဇီးရေတပ်မှ သင်္ဘောသားများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့သားများသည် ကျန်ရှိနိုင်သေးသော အသက်ရှင်ကျန်ရစ်သူများကို ပူးပေါင်း၍လိုက်လံရှာဖွေလျက်ရှိသည်။

အသက်ရှင်ကျန်ရစ်သော အသက် ၂၉နှစ်အရွယ်ရှိ ဘရူနိုကော်စတာက မိုးရေမကျအောင် ကာကွယ်ထားသော လှေပေါ်ရှိ မိုးရေခံဖျင်စကို ဆုပ်ကိုင်ထားသောကြောင့် အချို့သောသူများသည် လှေနှစ်မြုပ်ချိန်၌ အသက်ရှင်ခဲ့ ခြင်းဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly