(၃)နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) နေရာကို ပြန်လည် ရောက်ရှိလာတဲ့ နဒါးလ်

(၃)နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) နေရာကို ပြန်လည် ရောက်ရှိလာတဲ့ နဒါးလ်
(ဓာတ်ပုံ - အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့  ယခုတပတ်အတွက် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်က ၂၀၁၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) နေရာကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

အသက် ၃၁ အရွယ်ရှိ နဒါးလ်ဟာ သောကြာနေ့က စင်စင်နာတီ မာစတာစ် ဆီမီးဖိုင်နယ်မှာ သြစတြေးလျမှ Nick Kyrgios ကို ၆-၂၊ ရ-၅ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဗြိတိန်မှ အန်ဒီမာရေးရဲ့ နံပါတ် ၁ နေရာကို ဒီအပတ်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

တင်ပါးဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ မာရေးဟာ ရမှတ် ရ,၁၅၀ ဖြင့် အဆင့် ၂ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

ဆွစ်ဇာလန်မှ ရော်ဂျာ ဖက်ဒရာဟာ နောက်ကျောဒဏ်ရာကြောင့် စင်စင်နာတီ မာစတာစ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီးနောက် အဆင့် ၃ နေရာမှာပဲ ရပ်တည်နေခဲ့ပါတယ်။

ဘူလ်ဂေးရီးယားမှ ဒီမီတိုဗ်က စင်စင်နာတီမာစတာစ်ပြိုင်ပွဲမှာ Kyrgios ကို အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၁၈ နေရာမှ အဆင့် ၉ နောက်သို့ ခုန်တက်ခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ရ,၆၄၅
၂) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ရ,၁၅၀
၃) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ရ၁၄၅
၄) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၆၉၀
၅) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၅,၃၂၅
၆) အလက်ဇန်းဒါး ဇက်ဗဲယာ (ဂျာမနီ) ၄,၄၇၀
၇) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၅,၁၅၅  
၈)  ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၄,၀၃၀
၉) ဒီမီတိုဗ် (ဘူလ်ဂေးရီးယား) ရမှတ် ၃,၇၁၀
၁၀) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၁၉၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags