UWSA နှင့် မိုးလားအဖွဲ့တို့ ကရေဘေးသင့်ပြည်သူများအတွက် သိန်း ၁၂၀၀ လှူ

UWSA နှင့် မိုးလားအဖွဲ့တို့ ကရေဘေးသင့်ပြည်သူများအတွက် သိန်း ၁၂၀၀ လှူ
photo - MOI

သြဂုတ် ၁၁ ရက် ။      ။ မိုးသည်းထန်သဖြင့် ရေကြီးနစ်မြုပ်ပြီး ရေဘေးသင့်နေသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် ဝ' အထူးဒေသ ၂ (UWSA) နှင့် မိုးလား အထူးဒေသ ၄ တို့က ကျပ် သိန်း ၆၀၀ စီ လှူဒါန်းကြကြောင်း သိရသည်။

UWSA ဗဟိုကော်မတီဝင် ဦးအောင်မြင့်နှင့် မိုင်းလားအဖွဲ့ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်အောင်တို့က မိခင်အဖွဲ့များကိုယ်စား နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ၊ကျေးလက်လူမှု ဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသို့ သြဂုတ် ၁၁ ရက်နေ့က ပေးအပ်ခြင်းဖြစ်သည်။

အလှူငွေများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ၊ကျေးလက်လူမှု ဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်မှ လက်ခံခဲ့သည်။

Source - MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly