ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ခေတ္တရာမြို့သစ် မင်္ဂလာရွှေပြည် ဘောလုံးကွင်းတွင် သြဂုတ် ၁၉ ရက်၌ အနုပညာရှင်များ ဖြင့် ဖွဲ့စည်းထားသည့် မင်္ဂလာပါ FC အသင်း နှင့် ပြည်မြို့ခံ ဘောလုံး အသင်းများ ချစ်ကြည်ရေး ပရဟိတ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြရာ ၂ ဂိုးစီ သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အနုပညာရှင်များ ဖြင့် ဖွဲ့စည်းထားသော မင်္ဂလာပါ အသင်းက ပြည်မြို့ခံအသင်းများဖြစ်သော ပျူ FC အသင်း နှင့် Pyay danger FC အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။
အနုပညာရှင်များက လာရောက်အားပေးသူ မိဘပြည်သူများထံမှ အလှူငွေများ ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ လေးသိန်းငါးသောင်းငါးထောင် နှစ်ရာ့ငါးဆယ် (၄၅၅၂၅၀) ကျပ် ရရှိခဲ့သည်။ ၄င်းအလှူငွေများကို ပြည်မြို့နယ််တည်ငြိမ ်အေးချမ်းရေး အထောက်အကူူပြုအဖွဲ့ ရံပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။
ထပ်မံ၍ သြဂုတ် ၂၀ ရက်နေ့တွင် ဘောလုံးပွဲဒုတိယ နေ့အဖြစ် ပြည်မြို့ခံ မင်္ဂလာရွှေပြည် ဘောလုံးအသင်း နှင့် အနုပညာရှင်များ ဖြင့်ဖွဲ့စည်းထားသော မင်္ဂလာပါ FC အသင်းတို့ယှဉ်ပြိုင်ကစားဦးမည်ဖြစ်သည်။