အေဂျက်စ်မှ နောက်ခံလူ ဆန်းချက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၄၂)သန်းဖြင့် စပါးအသင်း ခေါ်ယူ

အေဂျက်စ်မှ နောက်ခံလူ ဆန်းချက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၄၂)သန်းဖြင့် စပါးအသင်း ခေါ်ယူ
(ဓာတ်ပုံ - စပါး)

စပါးအသင်းဟာ အေဂျက်စ်အသင်းမှ နောက်ခံလူ ဒေဗင်စန် ဆန်းချက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၄၂)သန်းဖြင့် ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

ကိုလံဘီယာ ဗဟိုခံစစ်မှူးဟာ စပါးအသင်းနဲ့ (၆)နှစ် စာချုပ်ဖို့ သဘောတူညီကာ ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ ဒီနွေရာသီမှာ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်လာပါတယ်။

"ကျနော် စပါးအသင်းလို ကျော်ကြားတဲ့ ကလပ်အသင်းတစ်သင်းနဲ့ လက်မှတ်ထိုး စာချုပ်ရမှာမို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။"လို့ အသက် ၂၁ အရွယ်ရှိ ဆန်းချက်ဇ်က ပြောပါတယ်။

"အေဂျက်စ်အသင်းရဲ့ နည်းပြ၊ စီမံခန့်ခွဲသူတွေ၊ ကစားသမားတွေနှင့် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျနော်ရဲ့ ကစားသမားဘဝ တိုးတက်ဖို့ ဒီနေရာ (စပါး)ကို ရောက်ရှိဖို့ ကျနော်အတွက် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုတစ်ခုဖြစ်ပါတယ်။"လို့ ကစားသမားက ဆိုပါတယ်။

ကိုလံဘီယာလက်ရွေးစင်အသင်းမှာ နှစ်ပွဲကစားထားတဲ့ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ကူညီပေးခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly