ထိုင်း-မြန်မာ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်စပြီ

ထိုင်း-မြန်မာ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်စပြီ

သြဂုတ် ၁၁ ရက် ။      ။ ထိုင်း - မြန်မာ နှစ်နိုင်ငံ ဗီဇာမလိုပဲ ၁၄ ရက်ကြာ လည်ပတ်ခွင့်ကို သြဂုတ်လ ၁၁ ရက်မှစ၍ ရရှိပြီဖြစ်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ် ထာနာဆတ် ပထိမာစရာဂွန် ကပြောသည်။

ဗီဇာကင်းလွတ်ခွင့်ကို ပုံမှန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး လေယာဉ်ဖြင့် ခရီးသွားလည်ပတ်မည့် သူများအတွက်သာ ဖြစ်သည်။ ထို့ပြင် တစ်ဦးချင်းအတွက်ဖြစ်ပြီး လေယာဉ်ဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေဆိပ်များသို့ ဆင်းသက်ရမည်။

ထိုင်းနိုင်ငံအတွင်းသို့ တစ်ကြိမ်ထက်ပို၍ ဝင်ထွက်လိုသူများအတွက် ထိုင်းနိုင်ငံ၏ လုံခြုံရေးအပေါ်အခြေခံပြီး သုံးသပ်စဉ်းစားမည်ဟုလည်းသိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ဗီဇာမလိုဘဲ နှစ်ပတ်ကြာ သွားရောက်လည်ပတ်ခွင့်ကို ဇူလိုင်လ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

Source - NNT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly