ကြက်​သား​စျေးကျဆင်​း​နေရာမှ အနည်းငယ်စျေးတက်လာ

ကြက်​သား​စျေးကျဆင်​း​နေရာမှ အနည်းငယ်စျေးတက်လာ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊သြဂုတ်​၁၈ ။            ။ H1N1နှင်​့ ကြက်​ငှက်​တုတ်​​ကွေး၏ ဂယက်​​ကြောင်​့ ​စံချိန်တင် ကြက်​သား​စျေးကျ​ဆင်​း​ေ​နခဲ့ပြီး ယခုရက်​ပိုင်​းအတွင်​း အနည်းငယ်စျေးပြန်တက်လာကြောင်း ရန်​ကုန်​မြို့ကြက်​ဘဲ​စျေးဒိုင်မှ သိရသည်။

ဇူလိုင်​လ(၂၇)ရက်​နောက်​ပိုင်​း ကြက်သားတစ်ပိဿာလျှင် ၃၆၀၀ ခန့် ပေါက်စျေးရှိခဲ့ပြီး ယခင်က ကျပ် ၆၀၀၀ ခန့်ဝန်းကျင်ရှိသည်။ ထို့နောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀ခန့်ထိ ကျဆင်းသွားပြီးနောက် ကျပ် ၁၈၀၀ ခန့်သို့ ပြန်တက်လာခဲ့ခြင်းဖြစ်သည်။

"တစ်​ပိဿာကို အခုဆို ၁၈၀၀၊  ၁၉၀၀ လောက်​ ရှိတယ်​။ ဖမ်​း​စျေးက ၁၄၀၀​ လောက်​ရှိတယ်​ ။ ပထမ​ရောင်​းတာက (၁၅၀၀) (၁၆၀၀)ဆို​တော့ အခုနည်​းနည်​း​လေးတက်​​လာတဲ့ သ​ဘောရှိတယ်​ ။ အဝယ်​က ​တော်​​တော်​လိုက်​တယ်​"ဟု ရန်​ကုန်​မြို့ကြက်​ဘဲ​စျေးဒိုင်မှ စာ​ရေးဦး​ကျော်​​အေးက ​ပြောသည်​။

ကြက်​သား​စျေးပြန်​လည်​တက်​လာသည်​မှာ သုံး၊​လေးရက်​ရှိ​နေပြီး ကြက်​သားကုန်​ချိန်​ ၆​သောင်​း​​ကျော်​နီးပါးကို ​နေ့စဉ်​​ကားအစီး​ရေး ၃၅ စီး ပတ်​ဝန်းကျင်​​ဖြင်​့ တင်​သွင်​း​နေရသည်​ ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြက်​ဘဲ​စျေးဒိုင်မှ သိရသည်။

သြဂုတ်လဆန်းက ကြက်သားစျေးနှုန်းများကျဆင်းသွားပြီးနောက် ​ ​ကြက်​သားတင်​သွင်​းနူန်​းမှာ ထက်​ဝက်​ကျဆင်​းသွားခဲ့သည်​ဟု ကြက်​ဘဲ​စျေးမှ တွဲဘက်​အတွင်​း​ရေးမှူး ဦး​မောင်​လွင်​က မဇ္စျိမကို သြဂုတ်​လ(၁)ရက်​​နေ့က အင်​တာဗျုး၌ ​ပြောခဲ့သည်​။

လက်​ရှိအချိန်​တွင်​ ကြက်​သား​စျေးမှာ ၁၅၀၀ ကျပ်​ဝန်​းကျင်​မှ ၁၈၀၀ ကျပ်​စျေးသို့ တက်​လာခဲ့ခြင်​းဖြစ်​ပြီး ဝယ်​ယူမှုအ​ခြေအ​နေမှာလည်​း တိုးလာခဲ့သည်​။

သို့ရာတွင် စျေးဝယ်ယူသူတစ်ချို့က စိုးရိမ်မှုများ ရှိနေကြပြီး ငါးစျေးနှုန်းကြီးမြင့်သော်လည်း ငါးကိုသာ ၀ယ်ယူမှုရှိနေကြသည်။

“ ကျွန်တော်တို့ကတော့ ကြက်သား ၁၅၀၀ စျေးနဲ့ရောင်းနေတာေတော့ တွေ့တာပဲ။ ဒါပေမယ့် မဝယ်ရဲဘူး။ ငါးပဲ ၀ယ်တယ်” ဟု ပုဇွန်တောင်စျေးမှ စျေးဝယ်သူတစ်ဦးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags