ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် စပိန်ကလပ်အသင်းများအားလုံး လက်ပတ်အမဲ ၀တ်ဆင်ကစားမည်

ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် စပိန်ကလပ်အသင်းများအားလုံး လက်ပတ်အမဲ ၀တ်ဆင်ကစားမည်

သြဂုတ် ၁၈၊ ဘာစီလိုနာ ။             ။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဘာစီလိုနာမြို့၊ Las Ramblas အရပ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဘာစီလိုနာအသင်းဦးဆောင်ပြီး စပိန်ကလပ်အသင်းများအားလုံးက လာလီဂါအဖွင့်ပွဲစဉ်တွင် လက်ပတ်အမဲများကို ၀တ်ဆင်ကစားကြမည် ဖြစ်သည်။

ကြာသပတေးနေ့ နေ့လည်ပိုင်းက Las Ramblas တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ၁၃ ဦးသေဆုံးခဲ့ရပြီး လူပေါင်း ၁၀၀ နီးပါး ဒဏ်ရာ ရရှိခဲ့ကြသည်။ အကြမ်းဖက်သမားများသည် ခန္ဓာကိုယ်တွင် ဗုံးများတပ်ဆင်ထားကြပြီး ဗန်ကားဖြင့် လမ်းပေါ်ရှိ လူအုပ်ကြီးကို အရှိန်ဖြင့် ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ဘာစီလိုနာမြို့၊ Cambrils အရပ်တွင် အကြမ်းဖက်မှုထပ်မံ ဖြစ်ပွားခဲ့ပြီး ရ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအကြိမ်အကြမ်းဖက်မှုတွင်မူ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားလေးဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက အဆိုပါတိုက်ခိုက်မှုများကို “ဂျီဟတ်တိုက်ခိုက်မှု” ဟု ဆိုသည်။

ဘာစီလိုနာမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် စပိန်ဘောလုံးလောကသားများအားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး ဘာစီလိုနာအသင်း၊ မက်ဆီ၊ ဆွာရက်ဇ်၊ စီရော်နယ်ဒိုနှင့်နေမာတို့က ဦးဆောင်ကာ သေဆုံးခဲ့ရသူများအတွက် ၀မ်းနည်းစကားဆိုခဲ့ကြသည်။

ဘာစီလိုနာအသင်းက “ယခုဖြစ်ရပ်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး ရွံ့ရှာဖွယ်လုပ်ရပ်ဖြစ်ကြောင်း၊ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း” ကြေညာခဲ့သည်။ ထို့အပြင် ယခုတစ်ပတ်တွင် စတင်ကစားရမည့် ဘက်တစ်နှင့်လာလီဂါအဖွင့်ပွဲစဉ်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် လက်ပတ်အမဲများကို ၀တ်ဆင်ကစားမည်ဟု ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုများအားလုံးကို IS အဖွဲ့ဝင် တပ်သားများက ကျူးလွန်ခြင်းဖြစ်ကြောင်း IS အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly