သြစထေးလျ၊ မြန်မာတပ်မတော်၊ ပို့ဆောင်ရေးနှင့် ပြည်တွင်း/ပ လေကြောင်းလိုင်းများကူညီ

သြစထေးလျ၊ မြန်မာတပ်မတော်၊ ပို့ဆောင်ရေးနှင့် ပြည်တွင်း/ပ လေကြောင်းလိုင်းများကူညီ

သြဂုတ် ၁၁ ရက် ။          ။ သြစတေးလျနိုင်ငံအစိုးရမှ မြန်မာရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့် Family Kits (၉၅၂) ထုပ်ကို သြစတေးလေတပ်မှ C-17 A လေယာဉ်ဖြင့် ရန်ကုန်လေဆိပ် သို့ရောက်ရှိပြီး မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့များသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ မြန်မာတပ်မတော်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ကလည်း ပြည်တွင်း၊ ပြည်ပ လေယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းမျာ ထောက်ပံ့ပေးပို့လျက်ရှိသည်။

သြဂုတ် ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ မြန်မာအမျိုးသား လေကြောင်းမှ ၁ ခေါက် ပို့ဆောင်ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ ရေသန့်ဆေး၊ ဆေးဝါးမျိုးစုံ၊ အဝတ်အထည်မျိုးစုံ၊ မုန့်မျိုးစုံ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်အိတ်များ လှူဒါန်းသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးလေဆိပ်သို့ တပ်မတော်လေယာဉ်၊ မြန်မာအမျိုးသားလေကြောင်းနှင့် ကမ္ဘောဇလေကြောင်းတို့မှ ၅ ခေါက်ပို့ခဲ့ပြီး ဆန်အိတ်၊ အဝတ်အထည်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးမျိုးစုံ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများပါဝင်သည်။

Source - သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly