ငါးပွဲပယ်ပြစ်ဒဏ်သည် နှိပ်ကွပ်မှုဟု စီရော်နယ်ဒိုပြော

ငါးပွဲပယ်ပြစ်ဒဏ်သည် နှိပ်ကွပ်မှုဟု စီရော်နယ်ဒိုပြော

သြဂုတ် ၁၇၊ မက်ဒရစ်။          ။ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးစီရော်နယ်ဒိုက ၎င်းကို ငါးပွဲပယ်ပြစ်ဒဏ်ချသည့်ဆုံးဖြတ်ချက်မှာ နှိပ်ကွပ်မှုဖြစ်သည်ဟု ပြောဆို လိုက်သည်။

အသက် ၃၂ နှစ်အရွယ်ကစားသမားသည် စပိန်စူပါဖလားတွင် ဘာစီလိုနာကို ၃-၁ ဂိုးဖြင့်နိုင်သည့်ပွဲမှ အနီကတ်အတွက် အယူခံ ဝင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

နှစ်ဝါ၊ တစ်နီဖြင့်ထုတ်ခံရခြင်းအတွက် တစ်ပွဲပယ်ခံရပြီး ဒိုင်လူကြီးကိုတွန်းခဲ့ခြင်းအတွက် လေးပွဲပယ်ခံရခြင်းဖြစ်သည်။ နူးကမ့် တွင် ပြခံရသောအဝါကတ်များမှာ ၂-၁ ဂိုးဖြစ်သွားစေသည့် ဂိုးသွင်းပြီးနောက် အကျႌချွတ်အောင်ပွဲခံသဖြင့် တစ်ဝါ၊ ဟန်ဆောင် လှဲချသည့်အတွက် တစ်ဝါ ပြခံရခြင်းဖြစ်သည်။

အယူခံရှုံးနိမ့်ပြီးနောက် အင်စတာဂရမ်တွင် စီရော်နယ်ဒိုက “ပုံကြီးချဲ့ထားပြီး ရယ်စရာကောင်းတဲ့ကိစ္စပါ။ နှိပ်ကွပ်တာလို့လည်း ခေါ်တယ်”ဟု ရေးထားသည်။

တနင်္ဂနွေနေ့က ကစားခဲ့သောယင်းပွဲတွင် အဝါကတ်နှစ်ကတ်ကို နှစ်မိနစ်အတွင်းရခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒို၏ကစားသမားဘဝ ၁၀ ကတ်မြောက် အနီကတ်ဖြစ်စေခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly