"ခန္တီးမြို့နယ်၊ ကျားကိုက်ကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွား"

"ခန္တီးမြို့နယ်၊ ကျားကိုက်ကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွား"

မန္တလေး၊သြဂုတ် ၁၇ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လင်ဖားကျေးရွာအုပ်စု၊ ကျားကိုက်ကျေးရွာတွင် သြဂုတ်လ ၁၆ ရက်၊ည ၁၁ နာရီက လက်နက်ကိုင်လူတစ်စုက ဒေသခံတစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က မဇ္ဈိမကိုပြောသည်။

"ညက ၁၁ ကဖြစ်တယ်။ ကျွန်တော်တို့ အခုမနက်သိတာနဲ့ လင်းဖားစခန်းမှူးနဲ့အဖွဲ့ အဲဒီ အခင်းဖြစ်တဲ့နေရာကို လိုက်သွားနေပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်လည်း မပြောနိုင်သေးဘူး။ မှားသွားရင်မကောင်းဘူး။ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ် ဆိုတာကတော့ ဟုတ်တယ် "ဦးဇော်ဇော်ကပြောသည်။

ကျားကိုက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးအိန္ဒပါလက "သေနတ်သုံးချင်ပစ်တယ်။ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်သွားတာ တစ်ဦးထွက်ပြေးလွတ်မြောက်လာတယ်။ အရင်က ဒါမျိုးမဖြစ်ဖူးဘူး။ ဘယ်အဖွဲ့ဆိုပြီး မစွပ်စွဲချင်ဘူး။ အခုတော့ လင်းဖားစခန်းမှူးနဲ့အဖွဲ့ ရွာရောက်နေတယ်။"ဟုမိန့်ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လင်းဖားရဲစခန်းနှင့်စခန်းမှူးကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly