ညောင်တုန်းရေကျသော်လည်း စိုးရိမ်ရေမှတ်ကျော်နေဆဲ

ညောင်တုန်းရေကျသော်လည်း စိုးရိမ်ရေမှတ်ကျော်နေဆဲ

သြဂုတ် ၁၀ ရက် ။    ။ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့၌ ကျဆင်းနေပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ် ၂၂.၅ ပေ အထက် ၂ ပေခွဲ ကျော်တက်နေသေးကြောင်း သြဂုတ်မနက် ၆ နာရီတိုင်းထွာချက်အရ သိရသည်။

သြဂုတ် ၉ ရက်နေ့ မွန်းတက်မှစ၍ ကျဆင်းနေခြင်းဖြစ်ပြီး မြစ်ရေဆက်လက် ကျဆင်းဖွယ် လည်း ရှိနေသည်။ မြစ်ရေသည် စိုးရိမ်ရေမှတ် အထက် လေးပေကျော်ရှိနေရာမှ ကျဆင်းလာနေခြင်း ဖြစ်သည်။ လက်ရှိအနေအထားတွင်မူ လိမ္မော်ရောင်အဆင့် အန္တရာယ်ရှိအနေအထားဖြင့် သတ်မှတ် ထားဆဲ ဖြစ်သည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ်တွင် ရေဘေးသင့်သူ ၄၆၇၀၃ ဦးရှိပြီး၊ စိုက်ပျိုးဧက တစ်သောင်းခန့် ရေဖုံးလွှမ်းခဲ့သည်။ ဘုန်းတော်ကြီးကျောင်း (၄၄) ကျောင်း၊ စာသင်ကျောင်း (၆၈)ကျောင်း ရေလွှမ်းမိုးခံခဲ့ရသည်။

Source - ထွန်းကျော် (ညောင်တုန်း) MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly