မြန်မာရေဘေးတွင် နယူးဇီလန်က ကနဦး ဒေါ်လာငါးသိန်းလှူ

မြန်မာရေဘေးတွင် နယူးဇီလန်က ကနဦး ဒေါ်လာငါးသိန်းလှူ

ရေဘေးဒုက္ခကြုံနေသည့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ထူထောင်ရေး လုပ်ငန်းများအတွက် နယူးဇီလန်နိုင်ငံကလည်း ပါဝင်ကာ ကနဦး ဒေါ်လာ ငါးသိန်းကို ထောက်ပံ့ လှူဒါန်းမည်ဖြစ်သည်။

ရေဘေးကယ်ဆယ်ထူထောင်ရေးအတွက် အကူအညီအနေဖြင့် ကနဦး ဒေါ်လာ ငါးသိန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း နယူဇီလန်နိုင်ငံခြားရေးဝန်ကြီး မူရေးမတ်ကူလီက ကြေညာခဲ့သည်။

"ကျွန်တော်တို့ နယူးဇီလန်နိုင်ငံက ဒေါ်လာ နှစ်သိန်းခွဲကို ကြက်ခြေနီအသင်းအတွက်ပေးပါမယ်။ လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင် ဖို့ပါ။ ဒေါ်လာနှစ်သိန်း ကို ရေဘေးကြုံပြည်သူတွေ စားနပ်ရိက္ခာအတွက် ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်သို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျန် ဒေါ်လာငါးသောင်းကိုတော့ မြေပြင်ကွင်းဆင်းကူညီရေး သံရုံးအရေးပေါ်ရန်ပုံငွေမှာ ထည့်ဝင်မှာဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်နေသည့် သဘောဝဘေး နှင့် ပတ်သက်၍ အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားပြီး နောက်ထပ်အကူအညီအထောက်အပံ့များ ပေးအပ်ရန်လည်း ပြန်လည် သုံးသပ် သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly