တိုင်ဖွန်းမုန်တိုင်း ဆိုဒလာ တရုတ်နိုင်ငံတွင် လူ၁၇ဦး သေဆုံးစေခဲ့ပြီးနောက် ကုန်းတွင်းပိုင်းသို့ရွေ့ရှားစဉ် အားပျော့သွား

တိုင်ဖွန်းမုန်တိုင်း ဆိုဒလာ တရုတ်နိုင်ငံတွင် လူ၁၇ဦး သေဆုံးစေခဲ့ပြီးနောက် ကုန်းတွင်းပိုင်းသို့ရွေ့ရှားစဉ် အားပျော့သွား

ပေကျင်း၊ သြဂုတ်-၁၀ ။         ။ နိုင်ငံပိုင်မီဒီယာ၏ သြဂုတ်လ ၁၀ရက်နေ့က သတင်းပို့ချက်အရ တိုင်ဖွန်းမုန်တိုင်း ဆိုဒလာ (Soudelor)သည် တရုတ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး လူ ၁၇ဦး သေဆုံး ကာ၊ နောက်ထပ် လူ၅ဦး ပျောက်ဆုံးစေပြီးသည့်နောက် ကုန်းတွင်းပိုင်းသို့ ရွေ့ရှားသွားစဉ် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားသည်ဟု ဆိုသည်။

ဖူကျန်နေ့စဉ်သတင်းစာပါသတင်းအရ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်ပြည်နယ်အတွင်းရှိ နင်းဒီတွင် မြေပြိုမှုကြောင့် လူ၃ဦး သေဆုံးခဲ့ရပြီး ရေကြီးမှုအတွင်း လူ ၁ဦး မျောပါ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ဆင်ဟွာသတင်းဌာန၏ ရှီကျန်ပြည်နယ်အာဏာပိုင်များကို ကိုးကားဖော်ပြချက်အရ ရုတ်တရက်ရေကြီးမှု၊နေအိမ်များပြိုကျမှုနှင့်မြေပြိုမှုများအတွင်း လူ၁၄ဦးသေဆုံးခဲ့ရကာ အခြား၄ဦးမှာ လည်းပျောက်ဆုံးနေ သည်ဟုဆိုသည်။ ဆိုဒလာကြောင့် ရှီကျန်တွင် လူပေါင်း ၁၈၈၀၀၀နှင့် ၎င်းနှင့်အိမ်နီးချင်းပြည်နယ် ဖူကျန်တွင် လူပေါင်း ၃၂၀၀၀၀တို့မှာနေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။လေကြောင်း ခရီးစဉ် ၅၃၀ကျော်ကို ဖျက်သိမ်းခဲ့ရပြီး၊ အမြန်ရထားခရီးစဉ် ၁၉၁ခုကိုလည်း ဆိုင်းငံ့ထားခဲ့ရသည်ဟု ဆိုသည်။

တိုင်ဖွန်းမုန်တိုင်း ဆိုဒလာသည် ယခုရက်သတ္တပတ်အစောပိုင်းက ထိုင်ဝမ်ကို ဝင်ရောက်စဉ် လူ ၆ဦးသေဆုံးခဲ့ရပြီးနောက် ထိုင်ဝမ်ရေလတ်ကြားကို ဖြတ်ကျော်ကာ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် တရုတ်ပြည်မကြီး၏ ဖူကျန်ပြည်နယ်သို့ တိုက်ခတ်၍ ထိုမှ အိမ်နီးချင်း ရှီကျန်နှင့် ကျန်ဇီပြည်နယ်များဆီသို့ ရွေ့ရှားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly