မြဝတီတွင် ကျူရှင်​ဆရာက ​ကျောင်​းသူ​ ၄ ဦးအား ​မဖွယ်​မရာပြုကျင်​့မှုဖြစ်ပွား

မြဝတီတွင် ကျူရှင်​ဆရာက ​ကျောင်​းသူ​ ၄ ဦးအား ​မဖွယ်​မရာပြုကျင်​့မှုဖြစ်ပွား

မြဝတီ၊ သြဂုတ်လ ၁၁ ။             ။ ကျူရှင်ဆရာတစ်ဦးက ကျောင်းသူ ၄ ဦးအား မဖွယ်မရာပြုလုပ်ခဲ့သည့်အတွက် ကျောင်းသူ မိဘများက လာရောက်တိုင်ကြားမှု မြဝတီမြို့၌ သြဂုတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ ……ကျေးရွာတွင် ကျူရှင်သင်ကြားနေသော ဆရာ ၁ ဦး က ကျူရှင်လာရောက်သင်ကြားသည့် ကျောင်းသူ ၄ ဦးအား နေအိမ်အိပ်ခန်းအတွင်းေ ခါ်ယူ၍ မဖွယ်မရာပြုလုပ်ခဲ့ကြောင်း သိရသည်။

အသေးစိတ်စစ်မေးရာ သြဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က ဒေါ်……သည် သမီးဖြစ်သူ မ….(၁၁)နှစ်က ကျူရှင်မသွားလိုကြောင်းပြောသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ သမီးဖြစ်သူနှင့်အတူ ကျူရှင်အတူတူတက်ရောက်နေသော မ…… (၁၁)နှစ်၊ မ……(၁၁)နှစ်၊ မ……. (၁၃)နှစ် တို့ ၃ ဦးအား ကျူရှင်ဆရာဖြစ်သူ ဦးဌေးဝင်း(၅၁)နှစ်(ဘ)ဦးမောင်မြိုင်၊ ၁၀/ပမန(နိုင်)၀၁၆၇၅၁၊ ပြင်ပကျူရှင်ဆရာ၊ ဖလူးကျေးရွာအုပ်စု၊ မြဝတီမြို့နယ်နေသူက စာဆိုရန် ပြောကာ ၄င်း၏ အိပ်ခန်းအတွင်းသို့ ခေါ်ဆောင်၍ မဖွယ်မရာများပြုလုပ်ခဲ့ကြောင်း ပြောခဲ့သည်။

ထို့ကြောင့် မိန်းကလေးငယ်၏ မိခင်က ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြောပြခဲ့ပြီး ဥပဒေအရ အရေးယူပေးနိုင်ပါရန် မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည်။

လက်ရှိတွင် ကျောင်းသူ ၄ ဦး၏ မိခင်များက တရားလိုပြုလုပ်တိုင်တန်းခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ကျူရှင်ဆရာဌေးဝင်းအား ဖမ်းဆီးရမိနိုင်ရေးအတွက် မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုနိုင်၊ နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်နိုင်စိုးဦးစီးအဖွဲ့တို့မှ ဖလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောထိန်လင်း အဖွဲ့တို့နှင့်အတူ နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ သြဂုတ်လ ၁၁ ရက်နေ့၊ ည(၈း၂၀)နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဖြင့် ရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။