ရန်ကုန်၊သြဂုတ်၁၁ ။ ။ ဇူလိုင်လ ၂၁ ရက်မှ ယနေ့အထိ ရာသီတုပ်ကွေးရောဂါ H1N1ပိုးတွေ့ရှိသူများမှာ နေ့စဉ်တွေ့ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။
သြဂုတ်လ ၁၀ ရက်နေ့လည်၂ နာရီအထိ သံသယရှိလူနာများအနက် ၁၁ ဦး ထပ်မံအတည်ပြုနိုင်ခဲ့ပြီးနောက် ဖြစ်ပွားသူ ၁၄၉ ဦးအထိ ရှိလာသည်။ လက်ရှိတွင် သေဆုံးသူ ၂၀ ဦးအထိ ရှိလာပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ရာသီတုပ်ကွေးဟုသာ ထုတ်ပြန်ထားသေးသည်။
သြဂုတ်လအတွင်း သြဂုတ်(၁)ရက်နေ့တွင် (၁၄)ဦး၊ သြဂုတ်(၂)ရက်နေ့တွင် (၂၃)ဦး၊ သြဂုတ်(၃)ရက်နေ့တွင် (၁၁)ဦး၊ သြဂုတ်လ(၄)ရက်နေ့တွင် (၂၂)ဦး၊ သြဂုတ်လ(၅)ရက်နေ့တွင် (၄)ဦး၊ သြဂုတ်လ (၆)ရက်နေ့တွင် (၁၀)ဦး၊ သြဂုတ်လ(၇)ရက်နေ့တွင် (၈)ဦး၊ သြဂုတ်လ(၈)ရက်နေ့တွင် (၁၂)ဦး၊ သြဂုတ်လ(၉)ရက်နေ့တွင် (၁၇)ဦး၊ သြဂုတ်(၁၀)ရက်နေ့တွင် (၁၁)ဦးရှိကြောင်းတွေ့ရှိခဲ့ရသည်။
အဆိုပါ H1N1 ဖြစ်ပွားနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၂၄ ရက်တွင် စတင်သတင်းထုတ်ပြန်ခဲ့ပြီး ရက်သတ္တပတ် ၃ ပတ်နီးပါးတွင် ဖြစ်ပွားသူ ၁၂ ဦးမှ ၁၄၉ ဦးအထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။