နယ်စပ်စစ်မဲ့ဇုန်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုအတွက်တောင်ကိုရီးယား ကမြောက်ကိုရီးယား ကိုပြင်းပြင်းထန်ထန် သတိပေး

နယ်စပ်စစ်မဲ့ဇုန်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုအတွက်တောင်ကိုရီးယား ကမြောက်ကိုရီးယား ကိုပြင်းပြင်းထန်ထန် သတိပေး

စစ်မဲ့ဇုန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကမြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲမှု အတွက်တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံအား အပြစ်တင်ကာ ယင်းအတွက် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

မိုင်းပေါက်ကွဲမှုအတွင်း တောင်ကိုရီးယားစစ်သားတစ်ဦး နှစ်ဖက်စလုံး ပြတ်တောက်ဆုံးရှုံးကာ အခြားစစ်သားတစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့သည်။

အစောပိုင်းတွင် ယင်းမိုင်းပေါက်ကွဲမှုတွင် မြောက်ကိုရီးယားနိုင်ငံဖက်က ပါဝင်ပတ်သက်မှုမရှိကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သော်လည်း "မြောက်ကိုရီးယားဖက်က သေစေရန်ရည်ရွယ်ချက် ရှိရှိဖြင့် မိုင်းများထောင်ထားခဲ့သည်မှာ ကျိန်းသေကြောင်း" တောင်ကိုရီးယားကာကွယ်ရေးအရာရှိတစ်ဦးက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရိးယားနယ်စပ်အနီးတွင် ကပ်လျက် နယ်စပ်ကာကွယ်ရေးအတွက် မြောက်ကိုရီးယားတို့ဖက်က မိုင်းသုံးလုံးကို တိတ်တဆိတ်လာရောက်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ ကပြောသည်။

"တောင် မြောက် နှစ်နိုင်ငံကြားက စစ်ရပ်ဆိုင်းရေးသဘောတူညီချက်နှင့် မကျုးကျော်ရေးသဘောတူညီချက်တို့ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း " တောင်ကိုရီးယား ကကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ယခင်က ဖြစ်စဉ်များကိုလည်း သတိပေးခဲ့မှုများရှိထားကြောင်း၊ ကျွန်တော်တောင်ကိုရီးယားစစ်တပ်အနေဖြင့် မြောက်ကိုရီးုယားတို့၏ ရန်စမှုများအတွက် တူညီသည့် အပြစ်ဒဏ်များပေးရလိမ့်မည် ဟုပြင်းပြင်းထန်ထန်သတိပေးကြောင်း" ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနယ်စပ် စစ်မဲ့ဇုန်သည် ၄ ကီလိုမီတာ (နှစ်မိုင်ခွဲ) ကျယ်ဝန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly