မဟာမုနိဘုရားကြီးအတွင်း ကလေးငယ်ထံမှ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အမျိုးသမီးအား လုံခြံုရေးအဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီး

မဟာမုနိဘုရားကြီးအတွင်း ကလေးငယ်ထံမှ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အမျိုးသမီးအား လုံခြံုရေးအဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီး
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ်လ ၉ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မဟာမုနိဘုရားကြီးအတွင်း ၅ နှစ်အရွယ်ကလေးငယ်ထံမှ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အမျိုးသမီးအား မဟာမုနိဘုရားကြီးလုံခြံုရေးအဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သြဂုတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ်လ ရရက်၊ နံနက် ၁ဝ နာရီ၊ ၄ဝ မိနစ်အချိန်ခန့်က မဟာမုနိဘုရားကြီးအတွင်းရှိ ရွှေဆိုင်းရောင်းသည့် ကောင်တာအနီးတွင် ဒေါ်တင်စန်းမြင့်ဆိုသူ၏ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မယွန်းယွန်း လည်ပင်းတွင် ဆွဲထားသော ငါးမူးသားခန့်ရှိ ရွှေဆွဲကြိုးအား အမျိုးသမီးတစ်ဦးက လုယူထွက် ပြေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုယူထွက်ပြေးသဖြင့် မဟာမုနိဘုရားကြီးလုံခြံုရေးအဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ကလေးငယ်ထံမှ ရွှေ ဆွဲကြိုးအား လုယူထွက်ပြေးသူမှာ ကျောက်ဆည်မြို့နယ်တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် မသီတာ ဝင်းဆိုသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဆွဲကြိုးအား လုယူထွက်ပြေးခဲ့သူ မသီတာဝင်းဆိုသူအား သက်သေခံပစ္စည်းများ သိမ်းဆည်းပြီး ချမ်း မြသာစည်မြို့မရဲစခန်းတွင် (ပ)၃၂၈/၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ - ၃၇၉ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၅ ရက်၊ နံနက် ၁ဝ နာရီ၊ မိနစ် ၅ဝ အချိန်တွင် မဟာမုနိဘုရားကြီး၊ မြောက်ဘက်စောင်း တန်းအနီးတွင် ကိုလှိုင်ဦးဆိုသူ၏ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မဇာနည်ကျော် လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးအား အမျိုးသားတစ်ဦး လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အမျိုးသားကို မဟာမုနိဘုရားကြီးလုံခြံုရေးအဖွဲ့မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသားမှာ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ် ခင်မောင်ဦး ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အသက် ၆၅ နှစ်အရွယ်ခင်မောင်ဦး ဆိုသူကိုလည်း သက်သေခံပစ္စည်း သိမ်းဆည်းပြီး ချမ်းမြသာစည်မြို့မရဲစခန်းတွင် (ပ)၃၂၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၉(နှိုက်)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly