မန်ယူနှင့် ချယ်လ်ဆီးတို့က ပစ်မှတ်ထားနေသည့် ဘရာဇီးလူငယ်တိုက်စစ်မှူးကို ၀က်ဖို့ဒ်ခေါ်ယူ

မန်ယူနှင့် ချယ်လ်ဆီးတို့က ပစ်မှတ်ထားနေသည့် ဘရာဇီးလူငယ်တိုက်စစ်မှူးကို ၀က်ဖို့ဒ်ခေါ်ယူ

သြဂုတ် ၉၊ အင်္ဂလန် ။           ။ ၀က်ဖို့ဒ်အသင်းသည် ဘရာဇီးကလပ် ဖလူမီးနီးစ်အသင်းမှ လူငယ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

ရစ်ချာလီဆန်သည် မန်ယူနှင့်ချယ်လ်ဆီးတို့က ခေါ်ယူရန် စောင့်ကြည့်ခြင်း ခံနေရသူဖြစ်ပြီး ၀က်ဖို့ဒ်အသင်းက လက်ဦးမှုရယူကာ ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ၎င်းအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၁.၂ သန်း ပေးချေခဲ့ရသည်ဟု သတင်းများက ဆိုသည်။

ရစ်ချာလီဆန်သည် ၀ယ်လ်ဟုချ်၊ ချာလိုဘတ်နှင့် တွန်ကလီဗာလေးတို့ပြီးနောက် ၀က်ဖို့ဒ်အသင်းသို့ ရောက်ရှိလာသည့် လေးယောက်မြောက်ကစားသမားသစ် ဖြစ်သည်။

အသက် ၂၀ အရွယ်သာရှိသေးသည့် ရစ်ချာလီဆန်သည် ဖလူမီးနီးစ်အသင်းတွင် ၆၇ ပွဲကစားပြီး ၁၉ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly