ပင်လယ်ပြင် ဆီယိုဖိတ်မှုဖြစ်ပြီး ဟောင်ကောင်ကမ်းခြေများတွင် အကြီးစားရှင်းလင်းမှုများ လုပ်ဆောင်နေရ

ပင်လယ်ပြင် ဆီယိုဖိတ်မှုဖြစ်ပြီး ဟောင်ကောင်ကမ်းခြေများတွင် အကြီးစားရှင်းလင်းမှုများ လုပ်ဆောင်နေရ

သြဂုတ် ၈ ။                ။ တရုတ်ပြည်မကြီးအပိုင် ပင်လယ်ပြင်တွင် ဖြစ်ခဲ့သည့် သင်္ဘောတိုက်မိမှုတစ်ခုကြောင့် ကြီးမားသည့် စားအုန်းဆီယိုဖိတ်မှုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ရာ ယခုအခါ ဟောင်ကောင် ကမ်းခြေများတွင် အကြီးစား ရှင်းလင်းရေးလုပ်ငန်းများ အားချင်းလုပ်ဆောင်နေရလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယိုဖိတ် စားအုန်းဆီများက ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှစ၍ ဟောင်ကောင်ကမ်းခြေများဘက်သို့ ရောက်ရှိလာခဲ့ရာ ကမ်းရိုးတန်းတစ်လျှောက် ဆီအညစ်အကြေးများဖြင့် ညစ်ထေးဖုံးလွှမ်းခဲ့သည်ဟု သိရသည်။

ယမန်နေ့ သြဂုတ် ရ ရက်ကအထိ အဓိက ပင်လယ်ကမ်းခြေ ၁၁ ခုကို ရေကူးခွင့် ပိတ်ထားခဲ့ရပြီး နေ့အပူချိန်မှာလည်း အမြင့်ဆုံးအတိုင်းအတာတစ်ခုအောက် ကျရောက်နေခဲ့သည်ဟုလည်း သိရသည်။

ယခုလက်ရှိအချိန်ထိ ဟောင်ကောင်ကမ်းခြေများတွင် စာအုန်းဆီ အညစ်အကြေး အနှစ်အခဲများ သောင်တင်နေဆဲ ဖြစ်ပြီး နေရာတစ်ချို့ရှိ ပင်လယ်ရေပြင်သည်လည်း ဆီများဖြင့် ညစ်ထေးနေလျက်ရှိသည်။

ကျွန်းပေါင်း ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ဟောင်ကောင်ဒေသမှာ ယခုကဲ့သို့ ပင်လယ်ရေပြင် ညစ်ညမ်းနိုင်မှု၊ ယင်း၏ ကမ်းခြေများထံသို့ အမှိုက်သရိုက်များ မျောပါလာနိုင်မှု တို့အပေါ် စိုးရိမ်ပူပန်မှုများ တိုးမြှင့်ဖြစ်ပေါ်နေလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags