ဂါရတ်ဘေးလ်ကို မန်ယူအသင်း ခေါ်ယူရန် စိတ်ဝင်စားကြောင်း မော်ရင်ဟို ပြောကြား

ဂါရတ်ဘေးလ်ကို မန်ယူအသင်း ခေါ်ယူရန် စိတ်ဝင်စားကြောင်း မော်ရင်ဟို ပြောကြား
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုက ဂါရတ်ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် ၎င်းကလပ်အသင်းဟာ ဝေးလ်လက်ရွေးစင်ကို ခေါ်ယူဖို့ အလွန်စိတ်ဝင်စားလိမ့်မယ်လို့ တနင်္လာနေ့က ပြောဆိုသွားပါတယ်။

စပိန်ကလပ်နှင့် ဘေးလ်ရဲ့ အနာဂတ်ဟာ အငြိမ်မသက်ဖြစ်နေပြီး တချို့မီဒီယာတွေက မော်ရင်ဟိုဟာ ဝေးလ်ကစားသမားကို မျက်စိကျနေတယ်လို့ ဖော်ပြကြပါတယ်။

ဒီသတင်းတွေကတော့ အင်္ဂါနေ့မှာ စကိုပီယာမှာ ယူအီးအက်ဖ်အေ စူပါဖလားအတွက် ကစားကြမယ့် ရီးယဲလ်နှင့် မန်ယူတို့ပွဲစဉ်အကြို သတင်းစာရှင်းလင်ပွဲမှာ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ယူနည်းပြက ဥရောပစူပါဖလားမှာ ရီးယဲလ်အတွက် ဂါရတ်ဘေးလ် ပွဲထွက်စာရင်းမှာ ထုတ်သုံးမသုံး အခြေအနေကို စောင့်ကြည့်လိုတယ်လို့ ပြောပါတယ်။

"သူကစားမယ်ဆိုရင် ဒါဟာ အသင်းမှာ ဆက်နေမယ်ဆိုတာ ရှင်းရှင်းလင်းလင်း အချက်ပြလိုက်တာပါ။"လို့ မော်ရင်ဟို ပြောကြားခဲ့ပြီး "သူဟာ ကလပ်အသင်းနဲ့ နည်းပြရဲ့ စီမံကိန်းထဲမှာ ပါဝင်နေပြီး ဒါဟာ အသင်းမှာ နေဖို့ သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ်နှင့် ရည်မှန်းချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးလ်သာ ကစားခဲ့မယ်ဆိုရင်တော့ ခေါ်ယူနိုင်မှာ မဟုတ်ကြောင်း" ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘေးလ်ဟာ စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေခဲ့စဉ်က ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၈၅.၅ သန်းဖြင့် )ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ၂၀၂၂ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly