တာလီဘန်နှင့် အိုင်အက်စ် ပူးပေါင်းကာ အာဖဂန်ကျေးရွာတွင် လူအစုံပြံုလိုက် သတ်ဖြတ်

တာလီဘန်နှင့် အိုင်အက်စ် ပူးပေါင်းကာ အာဖဂန်ကျေးရွာတွင် လူအစုံပြံုလိုက် သတ်ဖြတ်

ကဘူးလ်၊ သြဂုတ် ရ ။           ။ အာဖဂန်နစ္စတန်နိုင်ငံက ကျေးရွာတစ်ရွာတွင် တာလီဘန်နှင့် အိုင်အက်စ်တို့ ပူးပေါင်းကာ အရပ်သားများအား အစုံပြံုလိုက် သတ်ဖြတ်ခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ် ရ ရက်တွင် ပြောသည်။

ယခုလို သောင်းကျန်းသူနှစ်ဖွဲ့ကြား ရှားရှားပါးပါး ပူးပေါင်းလျက် အကြမ်းဖက်မှုကျုးလွန်ခြင်းသည် ရန်သူဝိုင်းနေသော အာဖဂန်လုံခြံုရေးတပ်အတွက် ပို၍ဘေးများလာနိုင်ကြောင်းကို မီးမောင်းထိုးပြနေသည်။

ဆားအီပေါပြည်နယ် အစွန်ဖျား ဆေယတ်ခရိုင်တွင် အိုင်အက်စ်နှင့် တာလီဘန် တိုက်ခိုက်ရေးသမားများသည် အစိုးရ နောက်ခံပြု ပြည်သူ့စစ်အဖွဲ့ဖြစ်သော အာဖဂန်ဒေသတွင်းရဲတပ်ဖွဲ့ ALP ကို ၄၈ နာရီကြာ တိုက်ပွဲဆင်ကာ နယ်မြေအား သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက်တွင် သြဂုတ် ၅ ရက်၌ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် ၅၀ ကျော်ထက်မနည်းကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း   ဒေသအရာရှိများက ပြောသည်။

"တာလီဘန်နဲ့ အိုင်အက်စ်တွေ ပူးပေါင်းကြတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြားပြည်နယ်တွေမှာ လူသစ်စုဆောင်းပြီး မိုင်ဇာဝါလန်ကျေးရွာကို တိုက်ခိုက်တာပါ။"ဟု ပြည်နယ်အုပ်ချုပ်ရေးရုံး ပြောခွင့်ရှိသူ အမန်နီက အေအက်ဖ်ပီသို့ ပြောသည်။

တာလီဘန်နှင့် အိုင်အက်စ် တပ်သားများသည် အိုင်အက်စ်ကို သစ္စာခံထားသော တာလီဘန်တပ်မှူး မိုဟာမတ်ဂါဇန်ဖာ၏ အမိန့်အောက် ယင်းနယ်မြေဧရိယာတွင် သြဂုတ် ၃ ရက်၌ တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း အမန်နီက ပြောသည်။

"ဒီတိုက်ခိုက်ရေးသမားတွေက ခုနယ်မြေကို သိမ်းပြီးနောက်မှာ အပြစ်မဲ့သူ၊ အကာအကွယ်မဲ့သူ ပြည်သူတွေကို အစုလိုက် သတ်တာဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

၎င်းတို့က အရပ်သားအများစုကို သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်ပြီး အချို့ကို ခေါင်းဖြတ် သတ်ခဲ့ခြင်းဖြစ်ကာ အများစုက ရှီးယိုက်မွတ်စလင်များ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags