မဇ္ဈိမမီဒီယာ ၁၇နှစ် တိုင်ခဲ့ပြီ

မဇ္ဈိမမီဒီယာ ၁၇နှစ် တိုင်ခဲ့ပြီ

မဇ္ဈိမမီဒီယာဂရုသည် ၂၀၁၅ခုနှစ် သြဂုတ်လ ၉ရက်တွင် ၁၇နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 
မဇ္ဈိမ၏ ၁၇နှစ်ပြည့် အထိမ်းအမှတ် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၉ရက်တွင် မဇ္ဈိမမီဒီယာရုံးချုပ် ပုဇွန်တောင်မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ပုဇွန်တောင် Orchid Hotel တွင် ညစာစားပွဲ ကျင်းပခဲ့သည်။

မဇ္ဈိမမီဒီယာ၏ အလုပ်ရုံ ဆွေးနွေးပွဲမှ ရလာသည့် ရလဒ်များ၊ အကြံဉာဏ်များအပေါ် မူတည်ကာ တစ်ဖွဲ့ နှင့် တစ်ဖွဲ့ သို့မဟုတ် စုပေါင်း၍ ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များအား ဆုံးဖြတ်ချက် ချနိုင်ရန် ရည်ရွယ်ထားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ ဖြစ်ကြသည့် အန္ဒိယသံအမတ်၊ ဒိန်းမတ်သံအမတ်၊ အစ္စရေးသံအမတ်များ တက်ရောက်ခဲ့ပြီး မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။ 

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ActionAid Myanmar၊ FHI360 ၊ DW Akademie ၊ UNESCO ၊ General Electric (GE)၊ Fojo University ၊ FHI 360၊ US-ASEAN Business Council၊ Deloitte Myanmar၊ Euro-Burma Office (EBO) ၊ Gothe Institute တို့အပြင် Internews, Myanmar Journalist Institute (MJI)၊ Mango Media၊ Inclusive Myanmar Development Initiative(IMDI)၊ Myanmar Coffee Association တို့ တက်ရောက်ခဲ့သည်။ 

ယင်းအပြင် တိုင်းရင်းသားအဖွဲ့အစည်းများအဖြစ် Burma News International (BNI)၊ မဇ္ဈိမနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် တိုင်းရင်းသားမီဒီယာများ၊ မိတ်ဖက်မီဒီယာများ၊ စီးပွားရေးမိတ်ဖက်များလည်း တက်ရောက်ခဲ့သည်။ 

မဇ္ဈိမမီဒီယာသည် ၁၉၉၈ခုနှစ်တွင် ဝဘ်ဆိုက်တစ်ခု နှင့် စတင်ခဲ့ပြီး ၂၀၁၂ခုနှစ်အထိ အန္ဒိယနိုင်ငံ နယူးဒေလီ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်လျက် မဇ္ဈိမ၏ စံများဖြစ်သည့် "ဘက်မလိုက်မှု၊ သမာသမတ်ကျမှု"တို့ဖြင့် သတင်းများ ရေးသားဖော်ပြခဲ့သည်။ 

မဇ္ဈိမသည် ၂၀၀၇ ခုနှစ်တွင် International Press Institute (IPI)က ပေးအပ်သည့် Free Media Pioneer Award ကို ရရှိခဲ့သည်။ 

မဇ္ဈိမသည် ၂၀၁၂ခုနှစ်တွင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်အခြေချကာ သတင်းမီဒီယာလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags