မန္တလေးတွင် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၃ ဦး ဖမ်းမိ

မန္တလေးတွင် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၃ ဦး ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ သြဂုတ်လ ရ ။                    ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ မီးရထားဝင်း၊ အိမ်အမှတ်(၃၆)နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သြဂုတ်လ ရရက်တွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းမူးယစ်တပ်ဖွဲ့ ၁၆ မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပြင်ဦးလွင် မြို့မ ရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ သြဂုတ်လ ၆ ရက်၊ နံနက် ၁ဝ နာရီခွဲအချိန်တွင် ရပ်ကွက် ကြီး(၇)၊ မီးရထားဝင်း၊ အိမ်အမှတ်(၃၆)နေအိမ်အတွင်း သို့ဝင်ရောက်ရှာဖွေရာမှ အဆိုပါ မူးယစ်ဆေးဝါးနှင့် အမျိုးသားသုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ်အတွင်းမှ အိမ်ပိုင်ရှင်ဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အောင်မြတ်ဦးဆိုသူအပါအဝင် အသက် ၁၅ နှစ်အရွယ် ဘုန့်ခန့်ညီညီ(ခ) ဘုန်းခန့်၊ အသက် ၂၃ နှစ်အရွယ် အောင်မင်းဆိုသူတို့ကို အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၃ ပြားနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မြတ်ဦးဆိုသူအပါအဝင် ၃ ဦးအား ပြင်ဦးလွင် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly