မန်ယူမှာ သူ့ရဲ့ဂိုးသွင်းစံချိန်ကိုချိုးဖို့ မလွယ်ကူဘူးလို့ ပြောဆိုလိုက်တဲ့ ရွန်နီ

မန်ယူမှာ သူ့ရဲ့ဂိုးသွင်းစံချိန်ကိုချိုးဖို့ မလွယ်ကူဘူးလို့ ပြောဆိုလိုက်တဲ့ ရွန်နီ

သြဂုတ် ရ၊ အင်္ဂလန် ။            ။ အခုနှစ်အပြောင်းအရွှေ့မှာ အသင်းဟောင်း အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရွန်နီက မန်ယူအသင်းမှာ သူသွင်းခဲ့တဲ့ ဂိုးသွင်းစံချိန်ကို နောက်လူတွေ ချိုးဖျက်ဖို့ မလွယ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ရွန်နီဟာ မန်ယူအသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး ဂိုးပေါင်း ၂၅၃ ဂိုးအထိ သွင်းယူခဲ့သူ ဖြစ်ပါတယ်။ မန်ယူဂန္ထဝင်တိုက်စစ်မှူးပြီး ဘော်ဘီချာလ်တန်ရဲ့ ၄၄ နှစ်ကြာတင်ရှိထားတဲ့ စံချိန်ကို ၀ိန်းရွန်နီက ချိုးဖျက်ပြီး မန်ယူသမိုင်းမှာ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

“မက်ဆီနဲ့စီရော်နယ်ဒိုလို ကစားသမားမျိုးတွေ ပေါ်လာပြီး ကျွန်တော့်စံချိန်ကို ရိုက်ချိုးသွားမလားဆိုတာတော့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဘောလုံးလောကမှာ ကစားသမားတွေက အသင်းတစ်သင်းတည်းမှာ အချိန်အကြာကြီး ကစားလေ့မရှိကြပါဘူး။ ကျွန်တော့်စံချိန်ကို ချိုးဖို့ဆိုရင် ကျွန်တော့်လိုပဲ အသင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကစားဖို့ လိုအပ်ပါလိမ့်မယ်။

မန်ယူအသင်းမှာ အောင်မြင်မှုတွေအများကြီးရခဲ့ပြီး အမှတ်ရစရာကောင်းတဲ့ အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ မန်ယူအသင်းကို ချစ်ပါတယ်။ မန်ယူမှာ တွဲဖက်ကစားခဲ့ရတဲ့ ကစားသမားတွေကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်က မန်ယူကို ကျွန်တော်စွန့်ခွာ သင့်တဲ့ အချိန်ဖြစ်လို့ စွန့်ခွာခဲ့တာပါ” လို့ ရွန်နီက ပြောဆိုခဲ့ပါတယ်။

ရွန်နီဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၆ ခု အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။

ရည်ညွှန်း All Football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly