ဗင်နီဇွဲလားစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်သမား ၂ဦးသေဆုံး

ဗင်နီဇွဲလားစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်သမား ၂ဦးသေဆုံး

ဗလင်စီယာ၊ သြဂုတ် ရ ။             ။ ဗလင်စီယာမြို့တွင် အခြေစိုက်သော ဗင်နီဇွဲလားစစ်စခန်းကို ပြည်ပအစိုးရများနှင့် အချိတ်အဆက်ရှိသော တပ်ပြေးများ ဦးဆောင်သည့် အကြမ်းဖက်သမားများက တနင်္ဂနွေနေ့တွင် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည် တိုက်ထုတ်ခဲ့ရကြောင်း ဗင်နီဇွဲလားစစ်တပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဖြစ်စဉ်အတွင်း တိုက်ခိုက်သူနှစ်ဦး အသတ်ခံခဲ့ရပြီး ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သမ္မတနစ်ကိုးလပ်စ်မာဒူယို က နိုင်ငံတော်ရုပ်သံမှတဆင့် ပြောကြားခဲ့ပြီး ထိုအဖွဲ့သည် အင်အား ၂၀ ခန့်ရှိကာ ကိုလံဘီယာ၊ အမေရိကန် တို့နှင့် အဆက်အသွယ်ရှိသော ကြေးစားတိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သူက အခိုင်အမာပြောခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် လက်ရှိအချိန်တွင် နိုင်ငံရေးနှင့် စီးပွားရေးပြသနာများ ဖြစ်ပွားနေသည့် ဗင်နီဇွဲလားနိုင်ငံ အတွင်း ပိုမိုကြီးမားသော အကြမ်းဖက်ဖြစ်စဉ်များ ပေါ်ပေါက်လာမည်ကို ထိတ်လန့်သူများ များပြားလာသည်။

ဗလင်စီယာမြို့တွင် တင်းမာမှုများ မြင့်တက်လာသည့် အရှိန်ကြောင့် စစ်ရဟတ်ယာဉ်များသည် ကောင်းကင်၌ ၀ဲပျံနေကြသလို လက်နက်အပြည့် တပ်ဆင်ထားသော ယာဉ်များသည် လမ်းမများပေါ်၌ ကင်းလှည့်လျက်ရှိ သည်။ ဒါ့အပြင် ညမထွက်ရအမိန့်ကိုလည်း ပြဌာန်းထားကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။

စစ်တပ်မှ ထုတ်ပြန်ခဲ့သော ကြေညာချက်အရ တပ်ပြေးစစ်ဗိုလ်တစ်ဦး ဦးဆောင်သည့် အရပ်သားများပါ၀င် သော ဒုစရိုက်သမားအချို့သည် စစ်ယူနီဖောင်းများကို ဆင်တူဝတ်ဆင်ထားပြီး တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကာ လက်နက်များနှင့် ခဲယမ်းမီးကျောက်များကို ခိုးယူသွားကြောင်း သိရသည်။

ထိုစစ်ဗိုလ်နှင့် တိုက်ခိုက်သူအများအပြားကို ဖမ်းဆီးထားသော်လည်း လက်နက်များနှင့်အတူ ထွက်ပြေးသွား သော အခြားတိုက်ခိုက်ရေးသမားများကို အပြင်းအထန်ရှာဖွေနေကြောင်း စစ်တပ်မှကြေညာခဲ့သည်။

ဖမ်းဆီးခံထားရသည့် ထိုစစ်ဗိုလ်သည် အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ပြီး အရပ်သား ရဦးက လည်း သက်သေနှင့်တကွ အစစ်ဆေးခံခဲ့ကြောင်း မာဒူယိုက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags