နိုင်ဂျီးယား ခရစ်ယာန်ဘုရားကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ ဝတ်ပြုသူ ၁၁ ဦးသေဆုံး

နိုင်ဂျီးယား ခရစ်ယာန်ဘုရားကျောင်းတွင် ပစ်ခတ်မှုဖြစ်၍ ဝတ်ပြုသူ ၁၁ ဦးသေဆုံး

အိုဇူဘူလူ၊ သြဂုတ် ရ ။               ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဆိုးဝါးသည့် ပစ်ခတ်မှုဖြစ်၍ ဝတ်ပြုသူ ၁၁ ဦး သေဆုံးကာ အာဏာပိုင်များက ရန်ညိုးရန်စကြောင့် ကျုးလွန်သည့် ပစ်ခတ်မှု ဖြစ်နိုင်သည်ဟု ပြောသည်။

ယခုတိုက်ခိုက်မှုက လူသားချင်း စာနာမှုကို မျက်ကွယ်ပြုသည့် ရာဇဝတ်မှုဖြစ်ပြီး ဘာသာရေးစော်ကားရိုင်းပျမှု ဖြစ်သည်ဟု သမ္မတ မူဟမ်မာဒူဘူဟာရီက ရှုတ်ချသည်။

" ဘုရားကျောင်းမှာ ဝတ်ပြုနေသူတွေကိုပစ်မှတ်ထားပြီး သွေးအေးအေးနဲ့ သတ်သွားတယ်ဆိုတာအတွက် ဘယ်လိုမှ လက်ခံစရာမရှိဘူး။"ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုသည် အွန်နက်ရှာမြို့အနီး အိုဇူဘူလူအရပ်က စိန့်ဖိလစ်ဘုရားကျောင်းတွင် နံနက် ခြောက်နာရီခန့်က ဖြစ်ပွားခြင်း ဖြစ်သည်။

မျက်မြင်တစ်ဦးဖြစ်သူ အီမီကာက "သေနတ်သံတွေ ကြားလိုက်ပြီး ဘုရားကျောင်းထဲ ပြေးလွှားအော်ဟစ်သံတွေ ကြားရတယ်။"ဟု ပြောသည်။

ခရစ်ယာန်လူများစု ဖြစ်သော နိုင်ဂျီးရီးယားတွင် ဘုရားကျောင်းများ ပစ်ခတ်ခံရမှုက ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။

နိုင်ငံမြောက်ပိုင်းတွင်မူ ဘိုကိုဟာရမ် ဂျီဟတ်ဝါဒီများ၏ သွေးထိုးလှုံ့ဆော်မှုအားဖြင့် အကြမ်းဖက်မှုဖြင့် ရင်ဆိုင်နေရသည်။

ယခု ဘုရားကျောင်းပစ်ခတ်မှုကို မျက်မြင်များက သေနတ်သမား ငါးဦးလာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောသော်လည်း ရဲက သေနတ်သမားမှာ တစ်ဦးတည်းဖြစ်သည်ဟု ဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly