ချယ်လ်ဆီးက ဟက်ဇက်ကိုရောင်းရန်ဆုံးဖြတ်လျှင် ၎င်းမတားဆီးနိုင်ဟု နည်းပြကွန်တီဝန်ခံ

ချယ်လ်ဆီးက ဟက်ဇက်ကိုရောင်းရန်ဆုံးဖြတ်လျှင် ၎င်းမတားဆီးနိုင်ဟု နည်းပြကွန်တီဝန်ခံ

သြဂုတ် ၆၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးအသင်းက ဟက်ဇက်ကိုရောင်းရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းအနေဖြင့်တားဆီးရန် အင်အားမရှိကြောင်း နည်းပြကွန်တီက ပြောဆိုလိုက်သည်။

ဟက်ဇက်ကို စပိန်ထိပ်သီးများဖြစ်သည့်ရီးယဲလ်နှင့် ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပြီး လက်ရှိတွင် ဘာစီလိိုနာအသင်းမှာ နေမာ၏ နေရာကို အစားထိုးရန် လုံလောက်သည့် ဘဏ္ဍာရေးအင်အားလည်း ရှိနေသည်။ ဟက်ဇက်ကို ပေါင်သန်း ၁၀၀ ကျော်ပေးလာနိုင်သည့် အခြေအနေများလည်း ရှိနေသည်။

“ဟက်ဇက်က တကယ့်ထိပ်တန်းကစားသမားတစ်ဦးပါ။ ကျွန်တော်က နည်းပြတစ်ဦးသာဖြစ်လို့ ကျွန်တော့်အမြင်ကို ပြောပါမယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကလပ်အသင်းကသာ ချမှတ်တာဖြစ်ပါတယ်” ဟု ကွန်တီက ဆိုသည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းအနေဖြင့် ကစားသမားသစ်များ ထပ်မံခေါ်ယူရန် လိုအပ်နေသေးသည့်အတွက် ကစားသမားတစ်ဦးတည်းအပေါ်တွင် ငွေကြေးပုံအောသုံးစွဲမည် မဟုတ်ဟု ကွန်တီက ဆိုသည်။ အပြောင်းအရွှေ့ပိတ်သိမ်းမည့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ ကစားသမားသစ် သုံး၊ လေးဦးခန့် ထပ်မံခေါ်ယူဖွယ်ရှိကြောင်း ကွန်တီက အရိပ်အမြွက်ဆိုသည်။

“ဟက်ဇက်အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်က သူ့ကိုလက်လွှတ်ဖို့ မှန်ကန်တဲ့အချိန်လည်း မဟုတ်ပါဘူး။ တစ်ခြားကစားသမားတွေလည်း အဲ့ဒီလိုပါပဲ။

ချယ်လ်ဆီးအနေနဲ့ အခုအချိန်မှာ ကစားသမားတစ်ဦးတစ်ယောက်တည်းအတွက် ငွေကြေးတွေအများကြီး ပုံအောသုံးရမယ့် အချိန်လည်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသင်းမှာ ကစားသမားတွေ လိုအပ်နေလို့ပါ။ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ငွေကြေးကိုမျှပြီး သုံးစွဲတတ်ဖို့ အရေးကြီးပါတယ်” ဟု ကွန်တီက ပြောသည်။

ရည်ညွှန်း အိတ်စ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly