ဖိလစ်ပိုင်ကလေးအမေ ၂၀၀၀ လူမြင်ကွင်းရှေ့ ကလေးနို့တိုက်ပွဲ ကျင်းပ

ဖိလစ်ပိုင်ကလေးအမေ ၂၀၀၀ လူမြင်ကွင်းရှေ့ ကလေးနို့တိုက်ပွဲ ကျင်းပ

မနီလာ၊ သြဂုတ် ၅ ။                   ။ ကလေးသေဆုံးမှုနှင့် နို့ချိုတိုက်ကျွေးသည့် အလေ့ အမြစ်တွယ်ရေးတို့ကို ရည်ရွယ်ကာ ဖိလစ်ပိုင်နိုင်ငံတွင် ကလေးမိခင် ၂၀၀၀ ခန့် လူမြင်ကွင်းရှေ့ ကလေးနို့တိုက်ကျွေးပွဲကို သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့သည်။

မနီလာ အားကစားကွင်းအတွင်း ပြည်တွင်း ပေါ့ပ်သီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ဖွင့်ထားကာ ရာပေါင်းများစွာသော ကလေးအမေများက သူတို့သားသမီး ကလေးငယ်များကို နို့တိုက်ကြခြင်းဖြစ်ပြီး တစ်ချို့ကလေးမအေများမှာ ကလေးနှစ်ဦးကို တစ်ပြိုင်တည်း နို့တိုက်နေကြပုံကိုလည်း မြင်တွေ့ရသည်။

နှစ်စဉ်ကျင်းပသည့် ယင်းပွဲကို စီစဉ်သူများက နိုင်ငံတွင် ကလေးငယ်လေးများ သေဆုံးမှု လျှော့ချရေးအတွက် မိခင်များက ၎င်းတို့ ရင်သွေးငယ်များကို   ခြောက်လသားအထိ   နို့ချိုတိုက်ကျွေးမှု   ဖြစ်ထွန်းလာစေရေး တွန်းအားပေးရန် ရည်ရွယ်ပြီး ယခုပွဲကို ကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။

"ဖိလစ်ပိုင်မှာ ကလေးနို့တိုက်ကျွေးနှုန်းက နိမ့်နေသေးတယ်။"ဟု စီစဉ်သူ အန်ဂျီအိုအဖွဲ့ဖြစ်သော Breastfeeding Pinays မှ ရို့မာကာချာက အေအက်ဖ်ပီသို့ ပြောသည်။

ဖိလစ်ပိုင်မိခင်များသည် ပုံမှန်အားဖြင့် ၎င်းတို့ ရင်သွေးများကို ၂၄ ရက်အထိသာ နို့တိုက်ကျွေးတတ်ကြပြီး နောက်ပိုင်း နိုင်ငံအတွင်း စျေးကွက်ကြီးမားစွာ ရရှိထားသည့် နို့မှုန့်ကိုသာ တိုက်ကျွေးနေကြခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်တွင် ခြောက်လသားအောက် ကလေးငယ် ၃၄ ရာခိုင်နှုန်းသာ မိခင်နို့သောက်စို့ရပြီး ၃၆ ရာခိုင်နှုန်းက နို့မှုန့်ကိုသာ သောက်ကြရကြောင်း WHO ၏ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ဖိလစ်ပိုင်၏ ငါးနှစ်အောက်ကလေးငယ် ၁၀၀၀ လျှင် ၂၈ ဦးနှုန်း သေဆုံးလျက်ရှိသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags