ဗင်နီဇွဲလားတွင် အငြင်းပွားနေသည့် လွှတ်တော်အား ခေါ်ယူကျင်းပရာ ပဋိပက္ခများ ဖြစ်ပွား

ဗင်နီဇွဲလားတွင် အငြင်းပွားနေသည့် လွှတ်တော်အား ခေါ်ယူကျင်းပရာ ပဋိပက္ခများ ဖြစ်ပွား

ကရာကတ်၊ သြဂုတ် ၅ ။           ။ ဗင်နီဇွဲလားတွင် အငြင်းပွားကန့်ကွက်မှုများ ရှိနေသည့်ကြားက လွှတ်တောသစ်အား ခေါ်ယူကျင်းပလိုက်ခြင်းကြောင့် ထိပ်တိုက် ပဋိပက္ခများ ဖြစ်ပွားပေါ်ပေါက်သည်။

လွှတ်တော်သစ် စတင်ကျင်းပခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများက ကရာကတ်မြို့တော်ရှိ လွှတ်တော်အဆောက်အအုံဆီ ချီတက်လာရာ ရဲက မျက်ရည်ယိုဗုံးများ သုံးပြီး ဖြိုခွင်းသည်။

နိုင်ငံအတွင်း လများစွာ ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းကာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ယခု မဲဆန္ဒရှင်လွှတ်တော်သစ် လိုအပ်သည်ဟု သမ္မတ မာဒူရိုက ပြောသည်။

သို့သော် အတိုက်အခံများဖက်က ယင်းလွှတ်တော်သစ်သည့် ဖွဲ့စည်းပုံဥပဒေကို ပြန်လည်ရေးဆွဲနိုင်ခွင့် ရှိနေပြီး သမ္မတ၏ အာဏာကို ပိုခိုင်မာစေမည့် လမ်းကြောင်းဖြစ်သည်ဟု ပြောကြသည်။

ယခုချီတက်မှုတွင် ရာနီးပါးရှိသော ဆန္ဒပြသူများကို လုံခြံုရေးတပ်ဖွဲ့များက ဖြိုခွင်းရာ ဒဏ်ရာရသူအချို့ရှိသည်။

မြို့တော်၏ အခြားနေရာများတွင် အစိုးရကို ထောက်ခံသူ ထောင်ပေါင်းများစွာက လွှတ်တော်သစ် ခေါ်ယူခြင်းကို အလံများ ဝှေ့ယမ်းကာ ဂုဏ်ပြုထောက်ခံကြသည်။

အတိုက်အခံများ ထိန်းချုပ်သည့် အမျိုးသားလွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေး လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေကာ လများစွာ ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရေး တစ်ခုတည်းသော လမ်းကြောင်းမှာ မဲဆန္ဒရှင်လွှတ်တော် ဖွဲ့စည်းခေါ်ယူရေးသာဖြစ်သည်ဆိုလျက် ရွေးကောက်ပွဲ ကျင်းပပြီး မဲဆန္ဒရှင်လွှတ်တော်သစ်ကို သမ္မတ မာဒူရိုက ခေါ်ယူလိုက်ခြင်းဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲ မဲပေးမှုတွင် မဲလိမ်မှုများ ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်သည်။

သမ္မတ မာဒူရိုသည် ၄င်း၏ အာဏာ ပိုမိုအားကောင်းအောင် လုပ်ဆောင်နေသည်ဟု အတိုက်အခံများက ဝေဖန်သလို နိုင်ငံတကာကလည်း ဖိအားပေးလျက်ရှိသည့်ကြားက ယခုလွှတ်တော်ကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly