သမ္မတ ထရမ့်၏ ၁၇ ရက်တာ မိသားစုအပန်းဖြေခရီးစဉ် စတင်

သမ္မတ ထရမ့်၏ ၁၇ ရက်တာ မိသားစုအပန်းဖြေခရီးစဉ် စတင်

နယူးဂျာစီ၊ သြဂုတ် ၅ ။               ။ သမ္မတ ထရမ့်နဲ့ မိသားစုဟာ အပန်းဖြေအားလပ်ရက်ခရီး ၁၇ ရက်တာအတွက် နယူးဂျာစီက ဘတ်မင်စတာမြို့နယ်တွင်းမှာ ရှိတဲ့ ထရမ့်အမျိုးသားဂေါက်ကလပ်ကို   ရောက်လာပြီး အပန်းဖြေခရီးစဉ်ကို စတင်ပါတယ်။

ဘတ်မင်စတာမြို့နေတွေက ပုံမှန်တိတ်ဆိတ်ငြိမ်သက်တဲ့ သူတို့မြို့နယ်အတွက် သမ္မတ ရောက်လာတာက အခွင့်အရေးကောင်းဖြစ်တယ်လို့ News 12 New Jersey သတင်းဌာနကို ပြောပါတယ်။ စီးပွားရေးသမားတွေကလည်း လုပ်ငန်းကိုင်ငန်း ကောင်းလာဖို့ အသင့်ရှိနေတယ် ဆိုပါတယ်။

“ဒီမြို့မှာ သမ္မတက စီးပွားရေးလုပ်ငန်းတွေ လုပ်ထားပါတယ်။ ကျွန်တော်တို့တွေအတွက် လုပ်ငန်းကိုင်ငန်းတွေ ဆောင်ကြဉ်းပေးထားတာပါ။”လို့ ပီဇာဆိုင်ဖွင့်ထားသူ အန်ဇိုက ပြောပပါတယ်။

ထရမ့်အနေနဲ့က အရင် သမ္မတ အိုဘားမား တာဝန် ထမ်းဆောင်နေချိန်မှာ အန်းဖြေခရီးတွေ ထွက်တာ၊ အကြိမ်များစွာ ဂေါက်ရိုက်တာတွေနဲ့ ပတ်သက်ပြီး အခွန်ထမ်းတွေရဲ့ ဒေါ်လာကို ဆုံးရှုံးစေတယ်လို့ ပြောထားသူပါ။

ဒါပေမယ့် ၄င်း သမ္မတအဖြစ် တက်လာပြီးချိန်ကစလို့ ဖလောရီဒါက ကိုယ်ပိုင် Mar-a-Lago ကလပ်မှာ စနေ၊ တနင်္ဂနွေ အပတ်စဉ်တွေမှာ နေထိုင်သုံးစွဲခဲ့တာနဲ့ သမ္မတ တစ်နှစ်သက်တမ်းအတွင်း ခရီးသွားလာမှု အသုံးစရိတ်တွေက အိုဘားမားရဲ့ ရှစ်နှစ်သက်တမ်းအတွင်း ခရီးသွားလာမှု အသုံးစရိတ်ထက်တောင် ကျော်လွန်နေတယ်လို့ CNN သတင်းက ဧပြီလအတွင်းမှာ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ခုအခါမှာတော့ ထရမ့်ဟာ ၁၇ ရက်တာ အပန်းဖြေခရီးစဉ်ကို ဘတ်မင်စတာက ဂေါက်ကလပ်မှာ စတင်တော့တာပဲဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly